ရှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့၊ ဈေး ရပ်ကွက် ၊မြို့မဈေးအရှေ့ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကို စက်တင်ဘာလ ၆ ရက်မနက်၇နာရီ၄၀မိ နစ်က ဓားပြတိုက်ခံရပြီး ဆိုင်မှန်ကောင် တာအတွင်းက နားကပ်၁၅ ခု ၊ဆွဲကြိုး ၇ကုံး နဲ့လက်စွပ် ၁ဝကွင်းစုစုပေါင်းအလေးချိန် ၂ကျပ်သားခန့်ပါသွားတယ်လို့ ဒေသခံသ တင်းရင်းမြစ်များဆီက သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ၆ရက် မနက် ၇နာ ရီ၄၀မိနစ်က သီပေါမြို့၊ဈေးရပ်ကွက် ၊မြို့မဈေးအရှေ့ဘက်ခြမ်းမှာ ဖွင့်လှစ် ထားတဲ့ “ရွှေရတနာ´´ရွှေဆိုင်ကို CZI 125အနက်ရောင်ဆိုင်ကယ်တစ်စီးနဲ့ အသက်၃၀နှစ်ခန့် Maskတပ်ကာ နက် ပြာရောင်ဦးထုပ်ဆင်တူ ဆောင်းထားတဲ့ အမည်မသိအမျိုးသားနှစ်ဦးဟာ သေနတ် အတိုတစ်လက်နဲ့ ရောက်ရှိလာပြီး ဆိုင် အတွင်း ဝင်ရောက်ကာ ဆိုင်ရဲ့မျက်နှာ ကျက်ကို သေနတ်၁ချက်ပစ်ဖောက်ချိန်းခြောက်ပြီး ဆိုင်မှန်ကောင်တာများကို ထုခွဲပြီး ခင်းကျင်းထားတဲ့ နား ကပ်၁၅ ခု ၊ဆွဲကြိုး ၇ကုံးနဲ့လက်စွပ် ၁ဝ ကွင်း စုစု ပေါင်းအလေးချိန် ၂ကျပ်သားခန့် (ကာလ ပေါက်ဈေးသိန်း ၇၀ခန့်)ကို လုယက်ယူ ဆောင်ပြီး ပြည်ထောင်စုလမ်းမအတိုင်း သီပေါမြို့ကနေ ကျောက်မဲမြို့ဘက်ကို ထွက် ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း သီပေါမြို့ ရီရှင်းရွှေဆိုင်ပိုင်ရှင် မိသားစု ဝင် (၃) ဦး ဓားပြတိုက်ခံခဲ့ရပြီး ရွှေ ၆ ပိ သာကျော် လုယက်ယူဆောင်ခံခဲ့ရတာ ကြောင့် သီပေါမြို့မှာ၂၀၂၃ခုနှစ်အတွင်း ရွှေဆိုင်ဓားပြတိုက်မှုအနေနဲ့ ၂ကြိမ်ရှိပြီ လို့လည်း သိရပါတယ်။