ဇန်နဝါရီ ၊၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်၊တုံစင့်ကျေး ရွာနဲ့ကုံးစုံရွာကြားတောလမ်းတနေရာမှာ ဇန်နဝါရီလ၂၃ ရက်ညနေခင်းအချိန်ကအမျိုးသားတဦးနဲ့အမျိုးသမီးတဦးမြေမြုပ်မိုင်းနင်းမိလို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးသူတွေဆီက သိရပါတယ်။

မိုင်းထိခိုက်ခံရမူကြောင့် အမျိုးသမီးမှာမျက်နှာနဲ့ခန္ဓာ ကိုယ်ဒဏ်ရာရရှိခဲ့ပြီး၊အမျိုးသားကခြေထောက်တဖက်ပိုင်းပြတ်ဒဏ်ရာရရှိခဲ့တာကြောင့်နယ်စည်းမခြားပရဟိ တ(သီပေါ)ပရဟိတအသင်းကသီပေါဆေးရုံအရေးပေါ်သို့ပို့ပေးခဲ့ရတာဖြစ်ပါတယ်။
ဇန်နဝါရီလ၊၂၂ရက်နေ့ကလဲ သီပေါမြို့နယ်မိုးတေကျေးရွာတံတားအနီးသ မိုင်းပေါက်ကွဲခဲ့တာကြောင့် ကားမောင်းသူအမျိုးသားတဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Visited 24 times, 1 visit(s) today



