ဇန်နဝါရီလ၊၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်မိုးတေကျေး ရွာတံတားအနီးမှာ ဇန်နဝါရီလ၂၂ရက်နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့တာကြောင့် ယာဥ်မောင်းအမျိုးသားတစ်ဦးပြင်းထန်စွာဒဏ် ရာရရှိခဲ့တယ်လို့ ကူညီပေးခဲ့သူအချို့ဆီက သိရပါတယ်။



“အိမ်ပြောင်းရွှေ့ကားလို့သိရပါ၊တယ်တံတားပေါ်သွားနေချိန်ဖြစ်တော့လူရောကားရောတော်တော်ထိသွားတယ်။စိတ် မကောင်းလိုက်တာ။ဝမ်းစာရှာစားရတာမလွယ်ဘူး”လို့မြို့ခံတစ်ဦးကပြောပါတယ်။
ဒဏ်ရာရတဲ့လူနာကို သီပေါဆေးရုံကိုနယ်စည်းမခြားပရ ဟိတ(သီပေါ)အရေးပေါ်သို့ပို့ပေးခဲ့ပြီးနောက် ဒဏ်ရာပြင်း ထန်လို့ မန္တလေးဆေးရုံကို မြတ်မွန်စေတနာလူမှုကူညီရေးအဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 16 times, 1 visit(s) today



