သီတင်းကျွတ်လပြည့်နေ့ဟာ မြန်မာနိုင်ငံက ဗုဒ္ဓ ဘာသာဝင်ပြည်သူများအတွက် နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် မြန်မာ နိုင်ငံက တန်ခိုးကြီးဘုရားများမှာ အောက်တိုဘာလ၂၉ရက်နေ့က ဘုရားဖူးများနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။




“ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့အပြင် ရုံး ပိတ်ရက်လည်း ဖြစ်တယ် ပြည်သူတွေရဲ့အားလတ်ရက်လည်း ဖြစ်တာကြောင့် ဘုရားကြီး၊အောင်တော်မူနဲ့ မန္တလေး တန်ခိုး ကြီးဘုရားတွေမှာ လာရောက် ဖူးမျှော်တဲ့သူတွေက တော်တော်ကို များပါတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။




ရွှေတိဂုံဘုရား၊မဟာမုနိဘုရားနဲ့ကျိူက်ထီးရိုးစတဲ့ နေရာများမှာ သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်ဖူးမျှော်သူ ပြည်သူများနဲ့ စည်ကားနေတယ်လို့လည်း သိရပါတယ်။
Visited 1 times, 1 visit(s) today