သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ် သင်္ကေတအမျိုးသမီးထမိန်ရောင်းချသူ Tiktokဆယ်လီကိုဖြိုး ဖမ်းဆီးထိန်းသိမ်းခံရ

လူမှုကွန်ယက်စာမျက်နှာ သီတင်းကျွတ်မီးထွန်းပွဲတော်အ ထိမ်းအမှတ် သင်္ကေတအမျိုးသမီးထမိန်ရောင်းချသူ Tiktokဆယ်လီကိုဖြိုး စက်တင်ဘာလ၃၀ရက်နေ့က နီးစပ်သူတွေဆီက သိရပါတယ်။

သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ် သင်္ကေတပါအမျိုးသမီးဝတ် အဝတ်အထည်ရောင်းချတာနဲ့ပတ်သက်ပြီးပြည်သူများအကြားမှာ အမြင်အမျိုးမျိုးကွဲပြားလျှက်ရှိပြီးတချို့မှာ ဘုရားကျောင်းကန်စေတီပုထိုးပုံမပါတဲ့အတွက် လက်ခံကြပေမယ့် တချို့က ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဘာသာရေးပွဲတော်ဖြစ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ်သင်္ကေတ ဘုရားရှင် လူ့ပြည်ပြန်ကြွလာတာကို ဆီမီးထွန်းပူဇော်တဲ့ပုံများကို အမျိုးသမီးဝတ်ထမိန်များပေါ်မှာ ပါနေတာကို လက်သင့်မခံကြဘူးလို့လည်း သိရပါတယ်။

Visited 177 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *