သိုက်ပွဲကို ဧရာဝတီမြစ်ထဲ ရေမျှောစွန့်ပစ်ရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊ ကမ်းနားပန်းခြံအနီးဧရာ၀တီမြစ်အတွင်း သို့ ၂၀၂၃ ဇွန်လ ၂၄ ရက်က သိုက်ပွဲ ကိုရေမျှောစွန့်ပစ်ရာမှ အမျိုးသားတစ်ဦး ရေနစ်‌သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးကသိရသည်။

ဧရာဝတီမြစ်ကမ်းအနီး အထက်ပါအတိုင်း ရေမျှောစဉ် အရှိန်လွန်ကာမြစ်ထဲသို့ မျောပါသွားခြင်းဖြစ်ကြောင်း၊ယင်းကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ပြည် ) ပါရမီ နှင့်ပရဟိတ အသင်းများပူးပေါင်း၍ ရှာဖွေကြရာအလောင်းကို အခင်းဖြစ်သည့်နေ့ ဇွန်လ ၂၄ရက် ညပိုင်းကတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားမှာ အသက် ၅၄ နှစ်အရွယ်ခန့်ရှိပြီဖြစ်ကာ ရုပ်အလောင်းကို ပြည် ဆေးရုံကြီးသို့လူမှုကယ်ဆယ်‌ရေးအဖွဲ့က ပို့ဆောင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *