ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာ နိုဝင်ဘာလ၁၄ရက်နေ့မနက် ၇နာရီခွဲကပင်လောင်းကနေ တပ်ကုန်းဘက်ကို မင်းမင်း(ခ) မျိုးကျော်သူဝင်း မောင်းနှင်ပြီး မသီတာလင်းနဲ့နိုင်လင်း တို့လိုက်ပါလာတဲ့ HIACE မော်တော်ယာဉ်ပေါ်က ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၂၀၀ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေး ပြား ၁၂ သိန်းကျော်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင် ဘာလ၁၄ရက်နေ့မနက်၇နာရီခွဲက ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာ ပင်လောင်းကနေ တပ်ကုန်းဘက်ကို မင်းမင်း(ခ)မျိုးကျော်သူဝင်း မောင်းနှင်ပြီး မသီတာလင်းနဲ့နိုင်လင်း တို့လိုက်ပါလာတဲ့ HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ရာ ယာဉ်ပေါ်က ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရဘနံနက် ၁၀ နာရီခွဲအချိန် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ ရှိုင်းမြတ်သူ(ခ)စိုင်းအွမ် နှင့် စိုင်းဝေမိုးအောင်(ခ)စိုင်းလုံ တို့ကို AD VAN မော်တော် ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တာကို သိရပါတယ်။