သားဦးလေးမွေးတဲ့အ​ကြောင်း အသိပေးလိုက်တဲ့ ပိုးကြာဖြူခင်

၁၈ နိုဝင်ဘာ၊၂၀၂၃

MRTV4သရုပ်ဆောင် ပိုးကြာဖြူခင် က သားယောက်ကျားလေးတဦး ဒီကနေ့မှာ အရေးပေါ်ခွဲစိတ်မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ယက် စာမျက်နှာကနေ အသိပေးလာတာဖြစ်ပါတယ်။

“မိန်းမ နဲ့ သားလေးရေ ကျန်းကျန်းမာမာရှိနေပေးလို့ ကျေးဇူးပါ။စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေမှာ အန္တရာယ်ကင်းကင်းနဲ့ ချက်ချင်း ခွဲစိတ်ဖို့ စီစဉ်ပေးခဲ့တဲ့ အချစ်ရဆုံးသော သူငယ်ချင်း ဒေါက်တာဝေယံသူရိန် ကို အထူးကျေးဇူးတင်ရှိပါတယ် “လို့ ကိုထွန်း က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ပိုးကြာဖြူခင် ဟာ ကလေး၃ယောက်ဖခင်၊မုဆိုးဖိုတဦးနဲ့လက်ထပ်ခဲ့လို့ ဝေဖန်မူတွေခံခဲ့ရသူပါ။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *