သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ပြည်ပဘွဲ့ခံဆရာတော်ကြီးနှစ်ပါးအား ဂုဏ်ပြုပူဖော်ပွဲကျင်းပ

မေ(၂၇)၊၂၀၂၄

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၊ဧရာဝတီခန်းမတွင် ၂၀၂၄ ခုနှစ်အတွက် သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ပြည်ပဘွဲ့ခံဆရာ တော်ကြီး(၂)ပါးအား ဂုဏ်ပြုပူဇော်ပွဲကို မေလ၂၄ ရက်က ကျင်းပခဲ့သည်။

ဂျပန်နိုင်ငံရှိ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ပြည်ပဘွဲ့ခံဆရာတော်ကြီး(၂)ပါးမှာ ဂျပန်နိုင်ငံ၊ ဟော်ဂိုပြည်နယ်၊ ကာတိုမြို့ရှိ Nenbutsushu Sampozan Muryojuji Temple ၏Chief High Priestနှင့်President of Buddhist Summit၏ဆရာတော် Most Ven. Dr. Shinkai KORI နှင့် ဂျပန်နိုင်ငံ၊ ခိတကျူးရှုးမြို့၊ မိုဂျီကမ္ဘာအေးစေတီကျောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှဘဒ္ဒန္တပဏ္ဍိတ တို့ဖြစ်ပြီး ဆရာတော်Dr. Shinkai KORI က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံ ဆိပ်တော်နဲ့ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတက အဘိဓဇအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်တို့ဖြစ် ကြောင်း သိရသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ပြည်ပဘွဲ့ခံဆရာတော်ကြီး(၂)ပါးကို ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးဦးစိုးဟန်မှ မြန်မာအစိုးရက ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အ ဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။

ပူဇော်ပွဲသို့ သံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်ထွန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာဧည့်ပရိတ်သတ်များ၊ ဂျပန်နိုင်ငံမှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဒါယိကာ၊ ဒါယိကာမများ၊ World Buddhist Supreme Conference, Nenbutsushu Sampozan Muryojuji Temple နှင့် ဂျော့ရှင်းအန်း ဝိပဿနာ တရားရိပ်သာမှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဧည့်ပရိတ်သတ်များနှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာအစိုးရ ပညာတော်သင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *