သာဓုကန် EV ကားမီးလောင်ရခြင်းမှာ ယာဉ်အားသွင်းစနစ်ကို မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင် အသုံးပြုသောကြောင့်ဟု ကုမ္ပဏီဘက်က ဖြေရှင်းလာ

၆ အောက်တိုဘာ၊၂၀၂၃

သာဓုကန် EV ကားမီးလောင်ရခြင်းမှာ ယာဉ်အားသွင်းစနစ်ကို မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင် အသုံးပြုသောကြောင့်ဟု အဆိုပါ ကားထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာလ ၅ရက် ည (၁၁) နာရီခန့်က KSDV1-NE1 အမျိုး အစား (3S/——) ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းအပေါ် ယင်းကုမ္ပဏီက အထက်ပါအတိုင်း ထုတ်ပြန် ခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၆ ရက် နံနက်တွင် KHAING KHAING SANGDA GROUP LIMITED အနေဖြင့် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ KSDV1-NE1 ယာဉ်ကို Company က ရောင်းချစဉ် Battery ကုန်ပါက အားသွင်းရန် နေရာသို့ သွားရောက်ရန် (10-15 Kilometer) ခန့် မောင်းနှင် အသုံးပြုနိုင်မည့် ( 200 cc ) မီးစက်အင်ဂျင်အသေးတစ်လုံးတပ်ဆင်ထားကြောင်း၊အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် (3S/——–) ယာဉ်တွင် Customer မှ မိမိသဘောဖြင့် ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ Battery Charging သွင်းသည့်စနစ် နှင့် ဝါယာရိန်း စနစ်ကိုပြောင်းလဲတပ်ဆင် အသုံးပြုထား သည်ကိုတွေ့ရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် အဆိုပါယာဉ် မီးလောင်မှုဖြစ်စဉ်တွင် Company ၏ မူလထုတ်လုပ်မှု ပုံစံ ချို့ယွင်းချက် တစ်စုံ တစ်ရာကြောင့် မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခြင်းသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *