သာစည်မှာ ကျပ် ၁ ဒသမ ၃၆ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

■ကြိုတင်သတင်းပေးတိုင်တန်းချက်အရ ဖမ်းမိခဲ့တာဖြစ်

မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ်မှာ ဖေဖော် ဝါရီလပထမပတ်အတွင်းက ကာလတန်ဖိုးငွေ ကျပ် ၁ဒ သမ ၃၅ ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော် ဝါရီလ ၂ ရက်နေ့မှာ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာကနေ ပျော်ဘွယ်မြို့နယ်၊တောင်ဂွကျေးရွာကိုသွားတဲ့ တောင်ကြားလမ်း၊ ကျွဲကျကျေးရွာချောင်းအနီးမှာ သတင်းအရစောင့်ဆိုင်းနေချိန် ညနေ ၆ နာရီအချိန်မှာ ကြိုတင်သ တင်းရရှိထားတဲ့ ကိုမျိုး၊ မျိုးမြင့်ထွန်း နှင့် ညွန့်ဝင်း တို့ ၃ ဦးမှာ မော်တော်ဆိုင်ကယ် ၃ စီးနဲ့ ရောက်ရှိလာတာကြောင့် ရှာ ဖွေရာ ဆာလာအိတ် ၁၅ အိတ်အတွင်းက ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၃၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘိန်းဖြူများ သယ် ဆောင်ခိုင်းသူ ဆန်းဦး နှင့် ပူးပေါင်းပါဝင်သူ အောင်ထွန်းလင်း(ခ)ချစ်သဲ တို့ကို ည ၈နာရီအချိန်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာမှာမော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဆက် လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင် ကျေး ရွာ၊ မြို့မကွက်သစ်ရပ်က ကိုမျိုးရဲ့နေအိမ်မှာ ဆပ်ပြာခွက် ၂၁၇၈ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့တဲ့အတွက် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၉၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့တာကို သိရပါတယ်။

ဖမ်းဆီးရမိထားသူတွေကို စစ်ဆေးဖော်ထုတ်ချက်အရ ဖေ ဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က ဘိန်းဖြူများသယ်ဆောင်ခဲ့တဲ့ ၂၂ ဘီးတွဲယာဉ် မောင်းနှင်သူ လွင်မိုးသူ (ခ)မိုးသူအောင်ကို တောင်ကြီးမြို့ နယ်၊ အေးသာယာမြို့တွင် ၎င်းယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ ဘိန်းဖြူများကို ရှမ်းပြည်နယ်ကနေ မန္တလေးတိုင်းဒေသကြီးကို သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရတာကြောင့် ဖမ်းဆီးရမိထားသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *