သာစည်မြို့နယ်မှာ ကျပ်သိန်း၉၅၀၀တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေး ရွာအနီးမှာ အောက်တိုဘာလ၁၄ရက်မနက်၇နာရီက အိမ်စီးကားတစ်စီးပေါ်ကနေ ကာလတန်ဖိုး ငွေကျပ်သိန်း၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ အောက်တိုဘာလ၁၄ရက်နေ့ မနက် ၇နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ တောင်ကြီးမှ သာစည်ဘက်ကိုတင်မောင် မောင်းနှင်လာတဲ့ CELSIOR မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ဘိန်းဖြူဘလောက်တုံးများကို ညောင်ရွှေမြို့နယ်မှ တပ်ကုန်းမြို့နယ်ကို သယ် ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဘိန်းဖြူဘလောက်တုံးများနဲ့အတူ ဖမ်းမိခဲ့တဲ့ တင်မောင်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *