လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့ဟာ သြဂုတ်လ၁၃ရက်နဲ့ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာ စည်မြို့နယ်နဲ့ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်တို့မှ ကျပ် ၁၀၅.၃ ၇ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အ ဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား၃၀.၈၆ သန်းနဲ့ 7.62 ကျည် ဆံ၂၀၀၀၀တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ သိ ရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဩ ဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွား ကားလမ်း၊ကျွဲတပ်ဆုံကျေးရွာအနီးမှာ ကျော်ဇင်ထွန်း မောင်းနှင်ပြီး ထွန်းဝေ (ခ)ဖိုးဇကာ လိုက်ပါလာတဲ့ NISSAN ၁၈ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ကျောက်မီးသွေးမှုန့်များနဲ့ ဖုံးအုပ် သယ် ဆောင်လာတဲ့ အိုက်စ်(မက်သ်အဖက်တ မင်း) ၃ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉သန်းနှင့် 7.62ကျည် ၂၀၀၀၀ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၄ ရက်နေ့ ည နေ ၃နာရီကသိမ်းဆည်းရမိခဲ့ပြီး မူးယစ် ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်တဲ့ ကိုထွန်း(ခ) ထွန်းမင်းလတ်နှင့် ကျော်လှိုင်(ခ) ကိုကိုလှိုင် တို့အား ဒက္ခိဏသီရိမြို့နယ်၊ (၂၀၁)မိုင်စစ်ဆေးရေးဂိတ်မှာ ဆက် လက် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သင်္ဃန်းကျွန်း မြို့နယ်၊ အင် ကြင်းမြိုင်လမ်းရှိ နေအိမ်မှာ ဝင်းထွန်း ဦးအား စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ဒသမ ၈၆ သန်း၊ အိုက်စ်(မက်သ်အဖက်တ မင်း) ၄ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့တဲ့ တရားခံများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် လက်နက်ခဲယမ်းဆိုင်ရာဥပဒေအရ အ ရေးယူနိုင်ရေးကို စစ်ဆေးဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။