သာကေတမှာ အင်တာနက်ဖိုင်ဘာ ကြိုး ပြင်တဲ့ အမျိုးသားသုံးဦး ဓာတ်လိုက်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးဘုရားလမ်းထိပ်ကလျှပ်စစ်ဓာတ်တိုင်မှာ တပ်ဆင်ထားတဲ့ အင်တာနက်ဖိုင်ဘာကြိုးကို ဓာတ်တိုင် ပေါ်တက်ပြုပြင်ခဲ့တဲ့ အမျိုးသားသုံးဦး ဓာတ်လိုက်မှုတစ်ခု သြဂုတ်လ၂ရက် ညနေ၄နာရီက ဖြစ်ပွားခဲ့တယ်လို့ သာကေ တမြို့နယ်လူမှုကူညီရေးအဖွဲ့က သိရပါ တယ်။

ဓာတ်လိုက်မှုဖြစ်ကြောင့် အသက်(၂၀) နှစ်ခန့် အမျိုးသားလူနာ(၂)ဦးမှာ လက် ကျိုးဒဏ်ရာ၊အရေပြားလောင်ကျွမ်းဒဏ်ရာနဲ့မေးစေ့ကွဲဒဏ်ရာ)တို့ ရရှိခဲ့ပြီး အသက် (၄၀)နှစ်ခန့် အမျိုးသား(၁)ဦးမှာ ခြေ ထောက်ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများကို သာကေတ မြို့နယ်လူမှုကူညီရေးအဖွဲ့၊ပေးဆပ်သူတို့ နှလုံးသား ပရဟိတအသင်းနဲ့အောင် သပြေ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း ပြီး မြေပြင်ကုသမှုများဆောင်ရွက်ပေးခဲ့ပြီးနောက် လူနာတင်ယာဉ်များနဲ့ စံပြဆေး ရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *