သာကေတမှာ ယာဉ်၃စီး ဆင့်တိုက်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး (၈)ထိပ်မှတ်တိုင် အနီးမှာ သြဂုတ်လ၁၀ရက်နေ့မနက်၆ နာရီကျော် YBSယာဉ်၊အိမ်စီးမော်တော် ယာဉ်နဲ့သုံးဘီးဆိုက်တွဲယာဉ်တို့ သုံးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေး လုပ်ငန်များဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် အိမ်စီးကားပေါ်က အသက်(၂၀)နှစ်ဝန်းကျင်ခန့် အမျိုးသား တစ်ဦး(ဦးခေါင်းထိခိုက်ဒါဏ်ရာရ)နဲ့ ရပ် ထားတဲ့ဆိုက်တွဲပေါ် ထိုင်နေတ့ဲ အသက် (၃၀) ဝန်းကျင်ခန့်အမျိုးသားတစ်ဦး (ဦး ခေါင်းထိခိုက်ဒါဏ်ရာ)များရရှိခဲ့တာ ကြောင့် အောင်သပြေလူမှုကူညီရေး အ သင်းလူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့

သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *