၁၅ ဖေဖော်ဝါရီ၊၂၀၂၄


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၂)လမ်းထိပ်မှာ ဒီနေ့ညနေပိုင်း၅နာရီဝန်းကျင်အချိန်က၊ ကား(၅)စီးဆင့်တိုက်ခဲ့တာကြောင့် အမျိုးသား(၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဒါဏ်ရာရလူနာများကို အောင်မင်္ဂလာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အနီးနားရှိသူတဦးက ပြောပါတယ်။
ယာဥ်တိုက်ရာနေရာကို လူမှုကူညီရေးအဖွဲ့များ ရောက်ရှိလာပြီး၊ယာဉ်လမ်းကြောရှင်းလင်းပေးတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
Visited 45 times, 1 visit(s) today



