ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီး တွင် အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကသိရသည်။
ယင်းမှာ အိမ်ခြေမဲ့တစ်ဦးဖြစ်ပြီး ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းကို သက်ဆိုင်ရာက စိစစ်၍ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

