သာကေတမြို့နယ်မှာ ထိခိုက်ဒဏ်ရာများနဲ့ သေဆုံးနေတဲ့အမျိုးသားတစ်ယောက်ရုပ်အလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ခိုင်ရွှေဝါနဲ့ဓမ္မာရုံမှတ်တိုင်အနီး ရှုခင်းသာ လမ်းမကြီးပေါ်မှာ ဇွန် လ၂၇ရက် မနက် ၅နာရီ၂၀မိနစ်က ထိခိုက်ဒဏ်ရာများစွာနဲ့ လဲကျသေဆုံးနေတဲ့ အသက်၂၀ခန့်အရွယ် အမျိုးသားတစ်ယောက်ရဲ့ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ သာကေတမြို့နယ်လူမှုကယ် ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

“အသက်ကတအားမကြီးသေးဘူး။လူငယ်တစ်ယောက်ပဲ။ဒဏ်ရာတွေအများကြီးနဲ့ သွေးအိုင်ထဲလဲကျပြီးသေနေတာ။ မိသားစု ဝင်တွေနဲ့အဆက်အသွယ်မရသေးတော့ သေဆုံးသွားတာ ဘယ်သူဆိုတာကို မသိရ သေးဘူး´´လို့ လူမှုကူညီရေးဆောင်ရွက်သူ တစ်ယောက်က ပြောပါတယ်။

သေဆုံးသွားသူရဲ့ရုပ်အလောင်းကို အောင် နိုင်သူလူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကူညီပေးခဲ့ တယ်လို့ သိရပါတယ်။

Photo- သာကေတမြို့နယ်လူမှုကယ်ညီ ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *