သာကေတမြို့နယ်တွင် အသက် ၄၀ ခန့်အရွယ်အမျိုးသားတစ်ဦး လဲကျသေဆုံးနေ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၆(အရှေ့ရပ်ကွက်)ဝေဇယန္တာ(၁၃)လမ်းထိပ်တွင် ဇူလိုင်လ ၁၆ ရက် မွန်းလွဲပိုင်းက အသက် ၄၀ ခန့်အရွယ်အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သိရသည်။

အဆိုပါ လဲကျသေဆုံးနေသူမှာ ဒေသခံများ ပြောပြချက်အရ အိမ်ယာမဲ့ တစ်ဦး ဖြစ်ကြောင်း သိရပြီး သေဆုံးနေချိန်တွင် ပြင်ပဒါဏ်ရာမတွေ့ရကြောင်း ယင်းအဖွဲ့မှ လိုက်ပါကူညီသူတစ်ဦးက ပြောသည်။

“လဲကျသေဆုံးနေတာကို ရပ်ကွက်နေသူတွေက အကြောင်းကြားလာတာကြောင့် ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားနဲ့ စံပြဆေးရုံကြီးကို ပို့ခဲ့ပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က လည်းရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီးတွင် အသက်(၅၀)ဝန်းကျင်ခန့် အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ပြင်ပဒါဏ်ရာမရှိဘဲလဲကျသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *