သာကေတမင်းနန္ဒာလမ်းမကြီးပေါ် ယာဉ်မောင်းကို ဓား‌ထောက်၍ တက္ကစီလုယူထွက်ပြေးမှု ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ် ၊မင်းနန္ဒာလမ်းမကြီးပေါ်တွင် မေလ ၁၆ ရက် ည ၁၁ နာရီ ခွဲခန့်က ယာဉ်မောင်းကို ဓား‌ထောက်၍ တက္ကစီကို လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မသိ လူ ၃ ဦးက FORTUNE PLAZA ရှိသော ဝက်စုမှတ်တိုင်အနီးမှ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်အတွင်း အဆိုပါ တက္ကစီကို ငှားစီးလာခဲ့ရာ Capital အလွန်၊ သာကေတစက်မှုဇုန်ရှေ့၊ရွှေပုစွန်မုန့်ဆိုင်အနီးအရောက်တွင် ယာဉ်မောင်းအား ဓားဖြင့်ထောက်၍ ခြိမ်းခြောက်ထုထောင်းကာ ဖုန်း၊ပိုက်ဆံများယူကာ ယာဉ်ပေါ်မှ တွန်းချပြီး တက္ကစီအငှားယာဉ်ကို လုယက်မောင်းနှင်သွားကြကြောင်း သိရသည်။

တက္ကစီ လုယက်ခံရသူမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး လက်ရှိအချိန်ထိ သတင်းအချက်အလက်များကို မရသေးကြောင်း၊ လုယက်ခံရသည့် ယာဉ်မှာ Suzuki Alto အမျိုးအစား ၊ ယာဉ်အမှတ် KYN- GG/ 6233 အငှားယာဉ်ဖြစ်ကြောင်း၊ ဒေါပုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *