

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ် (က/၂၆၇)၊ တိုက်ခန်းအမှတ်(၇)ရှေ့မှာ မေလ၃၀ရက်နေ့က လုပ်ကြံသတ်ဖြတ်ခဲ့သူနှစ်ယောက်ကို ဖမ်းဆီးရမိပြီလို့ နစကက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးရမိသူနှစ်ယောက်မှာ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် အပေါင်းအပါ ကျော်သူရ(ခ) အီးတီတို့ဖြစ်ကြပြီး သူတို့နှစ်ယောက်စလုံးဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) နယ်မြေမှာ ဖောက်ခွဲရေး သင်တန်း ၁ လ တက် ရောက်ခဲ့ပြီးနောက် Special Test Force-STF အဖွဲ့ကို ဝင်ရောက်ပြီး ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီးမှာ STF အဖွဲ့က ဖွင့်လှစ်တဲ့ ဖောက်ခွဲရေးသင်တန်း ၁ လ ထပ်မံ တက်ရောက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် STFအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒီငြိမ်းလင်းနဲ့ဟေဇယ်တို့က ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဓာတ်ပုံနဲ့အချက်အလက်များကို Telegram မှတဆင့် ပေးပို့ခဲ့ပြီး နောက် မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀ တောင့်တို့ကို ဟေဇယ်မှ ပေးပို့ခဲ့ကြောင်းနဲ့ မေလ ၃၀ ရက်မှာတော့ မိမိမှ ဒေါ်လီလီနိုင်ကျော်အား နေအိမ်အရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကောင်းဇာနည်ဟိန်းက ထွက်ဆိုခဲ့ပါတယ်။



