၂၇ ဒီဇင်ဘာ၊၂၀၂၃
ရန်ကုန် ကျောက်မြောင်းမီးသတ်ရှေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို တိုက်မိပြီးကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင်မေသဥ္ဇာဦးရဲ့ သားကြီးဖြစ်သူကိုမင်းသန့်ကျော် ရဲ့ နာရေးကို ဒီကနေ့ ရေဝေးမှာ ပြုလုပ်ပါတယ်။


ရန်ကုန်မြို့၊တာမွေမြို့နယ်၊ဗညားဒလလမ်းမကြီး၊ကျောက်မြောင်းမီးသတ်အရှေ့မှာ ဒီဇင်ဘာလ ၂၅ရက်နေ့၊ ည ၁၀ နာရီ ၃၀မိနစ်အချိန်က မောင်းနှင်လာတဲ့ မော်တော်ယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို တိုက်မိပြီး ကိုမင်းသန့်ကျော် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းသန့်ကျော် အသက်(၂၇ နှစ်)ဟာ ဦးခေါင်းနောက်စေ့စုတ်ပြဲအပါအဝင် ဒဏ်ရာများရရှိခဲ့ပြီး လူနာတင်ယာဥ်နဲ့ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရင်းကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
Visited 31 times, 1 visit(s) today



