သရုပ်ဆောင်မေပန်းချီ ထောင်ဒဏ် ၃နှစ် ချမှတ်ခံရ

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မေပန်းချီကို ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)က သူမရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ဧပြီလ၁၁ရက်က ဖမ်း ဆီးခံခဲ့ရပြီး (၂)လခန့်အကြာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်၃နှစ်ချမှတ်ခံခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

သရုပ်ဆောင်မေပန်းချီဟာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုကိစ္စနဲ့ပတ်သက်ပြီး မမှန် သတင်းတွေ ရေးသားဖြန့်ဝေခဲ့တယ်ဆိုပြီး ဧပြီလ၂၀ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)ရဲစခန်းကနေ ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့် အ ရေးယူတာကို ခံခဲ့ရပြီး ယခုအခါမှာ ထောင် ဒဏ်၃နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မေပန်းချီနဲ့အတူ ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာ မှာဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက် ခိုက်မှုကိစ္စနဲ့ပတ်သက်ပြီး မမှန် သတင်း တွေ ရေးသားဖြန့်ဝေခဲ့ကြလို့ဆိုပြီး ဖမ်းဆီးခံ ခဲ့ရတဲ့ သတင်းစာဆရာကိုကျော်မင်းဆွေ၊ အဆိုတော်ရွှေရည်သိန်းတန်၊အဆိုတော်မေလသံစဉ်၊သရုပ်ဆောင်မြတ်သူသူတို့က အခု ချိန်ထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *