ထိုင်ဝမ်၊ ဩဂုတ် ၂၉
အိုင်ဖုန်းဘီလျံနာသူဌေးလို့ နာမည်ကြီးတဲ့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Foxconn ကိုထူထောင်သူ အသက် ၇၂နှစ်အရွယ် ဘီလျံနာ တယ်ရီ ဂိုး က သူ့အနေနဲ့ ထိုင်ဝမ်သမ္မတ တာဝန်ကို ယူချင်တယ်လို့ ပြောဆိုလိုက်သလို ပြိုင်ဆိုင်မှုကြီးတဲ့ ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲ စင်မြင့်ပေါ်ကို လည်း တက်လာခဲ့ပြီလို့ သိရပါတယ်။
အခုဆို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပမယ့်ထိုင်ဝမ်သမ္မတရာထူးရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် ဝင်ရောက်ယှဉ် ပြိုင် ဖို့ တယ်ရီ ဂူးဟာ တတိယမြောက် သမ္မတလောင်း ယှဥ်ပြိုင်မယ့်သူ ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။
“a winner-takes-all presidential system”အနိုင်ရသူ အကုန်ယူ- စနစ်မှာ လက်ရှိသမ္မတပါတီကို နေရာမရ အောင် ယှဉ် ပြိုင်ဖို့ အတိုက်အခံ ကိုယ်စားလှယ်လောင်း နှစ်ဦးရှိပြီး ဖြစ်လို့ တတိယတစ်ယောက်ဖြစ်တဲ့ တယ်ရီ ဂူးကို ထပ် ပေါင်းထည့် ဖို့ ကိစ္စကလည်း လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလို့ ထိုင်ဝမ်နိုင်ငံရေး ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
တယ်ရီ ဂိုးရဲ ဒိနေ့ ထင်ရှားတဲ့ ပြောစကားတစ်ခွန်းက” ထိုင်ဝမ်ကို ဒုတိယ ယူကရိန်း အဖြစ်မခံနိုင်ဘူး” ဆိုတာပဲဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကမ်းခြေတွေကို ကျူးကျော် တိုက် ခိုက်ဖို့ အပြင်းအထန်လေ့ကျင့်နေတဲ့ တရုတ်ဝါဒဖြန့်ဗီဒီယို ထွက်လာခဲ့တယ်လို သိရပါတယ်။
လက်ရှိမှာ သူဌေးကြီး တယ်ရီ ဂိုးရဲ့ Foxconn နည်းပညာကုမ္ပဏီဟာ Apple ရဲ့ MacBooks နဲ့ iPhoneတွေကို ထုတ်လုပ် ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း ဝန်ထမ်းပေါင်း ၇၆၀၀၀၀ ကျော်နဲ့ အလုပ်လုပ်ကိုင်နေပြီး ၂၀၂၂ ခုနှစ်ရဲ့ အသားတင်ဝင်ငွေက ၁၄၁ဒသမ ၄၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။
Ref:BBC
ပုံစာ အညွှန်း။ ဘီလျံနာသူဌေးကြီး တယ်ရီ ဂူး
Feature Image Credit: Bloomberg/Ashley Pon