သမ္မတ ပူတင်ကို စစ်ရာဇ၀တ်မှု နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး နှစ်ရက်အကြာ  မော်စကိုကို တရုတ်သမ္မတ ရှီကျင့်ဖျင့် ချစ်ကြည်ရေးခရီး သွားရောက် လည်ပတ်

ဟောင်ကောင်၊ မတ် ၂၀

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် တစ်ယောက် သမ္မတပူတင်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ မတ်လ ၂၀ရက် တနင်္လာနေ့မှာ မော်စကိုမြိုကို ရောက်ရှိနေတဲ့အကြောင်း သိရပါတယ်။ ရှီရဲ့ ခရီးစဥ်ဟာ မတ်လ ၂၀ ရက်ကနေ ၂၂ရက်အထိ သုံးရက်တာ ကြာမြင့်မယ့် အကြောင်းလည်း သိရပါတယ်။

ရှီရဲ့ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခြင်းဟာ  ကမ္ဘာ့ဇာတ်ခုံမှာ  တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ပြဖို့ဖြစ်ပြီး ယူကရိန်း စစ်ပွဲ အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်မှာလို့ ဆိုခဲ့သလို အခု့ခရီးစဥ် ကိုလည်း“ငြိမ်းချမ်း ရေး ခရီး” အဖြစ် ပေကျင်းက ရည်ရွယ်ချက်ချမှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှီက တရုတ်နိုင်ငံဟာ နိုင်ငံတကာ စည်းမျဥ်း စည်းကမ်းကို အခိုင်အမာ ကာကွယ်ဖို့ ရုရှားနဲ့ဆက်ပြီး လက်တွဲလုပ် ဆောင်ဖို့  ဆန္ဒရှိကြောင်းကိုလည်း ခရီစဥ်နဲ့ ပတ်သက်တဲ့  ကြေညာချက်မှာ  ဖော်ပြထားတယ်လို့ ဆိုပါတယ်။

သောကြာနေ့က ရှီရဲ့ ခရီးစဉ်ကို ကြေညာပြီး နာရီပိုင်းအကြာမှာပဲ  နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ပူတင်ဟာ ယူက ရိန်း ကလေးငယ်တွေ ကို အတင်းအကျပ်မော်စကိုကို ပို့ခဲ့တဲ့ ကိစ္စအတွက် တာဝန်ရှိသူအဖြစ်   စစ်ရာဇ၀တ်မှုတွေနဲ့  ဖမ်းဝ ရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ တရုတ် ထိပ်တန်းခေါင်းဆောင်ဟာ “အကောင်းဆုံးမိတ်ဆွေ” လို့ ခေါ်နေတဲ့ စစ်ရာဇ၀တ်မှု ကျူးလွန် သူလို့  သံသယရှိသူ၊ ကမ္ဘာလုံးဆိုင်ရာ အပယ်ခံအဖွဲတွေနဲ့  ထမင်းအတူ စားနေပါတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေ တာ တွေ့ရပါတယ်။

Ref CNN

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *