ဝါရှင်တန်၊ ဇန်နဝါရီ ၂၉
LGBTQ အခွင့်အရေးတွေအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ဟာ လိင်ပြောင်းထားတဲ့သူတွေ ကို အမေရိကန် စစ်တပ်ကနေ ဖယ်ရှားပစ်ဖို့ တိကျတဲ့ အမှုဆောင်အမိန့်ကို ဇန်နဝါရီ ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကိုယ်တိုင်က ဇန်နဝါရီ ၂၇ရက် တနင်္လာနေ့မှာ ထုတ်ပြောခဲ့တယ်လို့ သိရပါတယ်။
“ယောက်ျားတစ်ယောက်က မိန်းမဖြစ်တယ်လို့ ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ ကိစ္စမျိုးကို” လိမ်လည်လှည့်ဖြားမှုလို့လည်း သမ္မတ ဆိုပါတယ်။
အရင်သီတင်းပတ်ကလည်း သာသနာပိုင်ချုပ်က သမ္မတ ထရန့်ကို လိင်တူဆုံမက်တဲ့ သူတွေ အပေါ် ညှာတာဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
လိင်ပြောင်းအမေရိကန်တွေဟာ မကြာသေးတဲ့နှစ်တွေကစ စစ်မှုထမ်းခြင်းဆိုင်ရာ မူဝါဒမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သမ္မတ ထရန့် အခုလို ပြောဆိုနေပေမယ့် ဒီမိုကရက်တစ်အုပ်ချုပ်ရေးအဖွဲ့တွေကတော့ လိင်ပြောင်းနဲ့ လိင်တူစုံမက်သူတွေကို ပြောင်ပြောင်တင်းတင်း တာဝန်ထမ်းဆောင်ခွင့်ပြုဖို့ ကြိုးစားနေတယ်လို့ လည်း သိရပါတယ်။
Ref:AFP
ပုံစာ။ သမ္မတ ထရန့်
Feature Image credit: Getty Images North America/Chip Somodevilla



