သမ္မတ ဂျိုး ဘိုင်ဒန် ယူကရိန်း ကို ရောက်နေခိုက် တရုတ်ထိပ်တန်း သံတမန်ကလည်း ရုရှားကို ခရီးရောက်

ဖေဖေါ်ဝါရီ ၁၈ ရက်က ဂျာမဏိနိုင်ငံ မြူးနစ်ကွန်ဖရင့်မှာ တွေ့ရတဲ့ တရုတ်အထူးသံတမန် ဝမ်ယိ
Photo Credit: Wolfgang Rattay/Reuters

ဟောင်ကောင်၊ ဖေဖေါ်ဝါရီ ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ယူကရိန်း ကို ရောက်လာပြီး သူ့မဟာမိတ် သမ္မတ ဇလန်းစကီးနဲ့ တနင်္လာနေ့မှာ တွေဆုံ နေတုန်း တရုတ်အထူးသံတမန် ဝမ်ယိ တစ်ယောက် လည်း ဆန့်ကျင်ဘက်လားရာဖြစ်တဲ့ ရုရှားနိုင်ငံ မော်စကို ကို သွား ရောက် ခဲ့တယ်လို့ သိရပါတယ်။

မကြာမီမှာ ကရင်မလင်နန်းတော်ထဲမှာ လက်ဆွဲနှုတ်ဆက်နေတဲ့ ဝမ်နဲ့ပူတင်တို့ရဲ့ ရုပ်ပုံတွေရယ် ကိ့ဗ်မှာ ဇီလန်စကီးနဲ့ ဘိုင်ဒန်တို့ရဲ့ ပုံတွေဟာ ကမ္ဘာ့မြင်ကွင်းမှာ အစီအရီ ပေါ်လာတော့မယ်လို့ မီဒီယာတွေက ရေးသားနေပါတယ်။

လာမယ့် သောကြာနေ့ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတစ်ခုရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင်မီ ရက်ပိုင်းအလိုမှာပဲ ကွဲပြားတဲ့ ခရီးစဥ် နှစ်ခုရဲ့ မြင်ကွင်းတွေက ကမ္ဘာ့စူပါပါဝါနှစ်နိုင်ငံကြားက  ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပြတ်တောက် ဆန့်ကျင်ကွဲပြားမှု စတာတွေကို ထင်ထင်ရှားရှားမီးမောင်းထိုးပြတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်လေပိုင်နက်ထဲကိုဝင်လာတဲ့ တရုတ်သူလျှိုလို့  သံသယရှိတဲ့ မီးပုံးပျံတစ်ခုကြောင့် မကြာခင်ကပဲ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ကျဆင်းနေချိန်မှာ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေကတော့ အကန့် အသတ်မရှိ ချစ်ကြည်ရင်း နှီးမှု ရှိနေဆဲပါလို့ ၂၀၂၂ခုနှစ်က ကြေညာထားတာကို ပြန် မီးမောင်း ထိုးနေပါတယ်။ အခုဆိုလည်း တရုတ်နဲ့ ရုရှားဆက်ဆံ ရေး က နီးကပ်နေဆဲလို့လည်း ရေးသားဖော်ပြနေကြပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက  ယူကရိန်းကို  ထောက်ခံပြီး စစ်ရေးအကူအညီ ပေးတာတွေ တိုးမြှင့်လာ ချိန်မှာ တရုတ်နဲ့ မော်စကိုရဲ့  နက်ရှိုင်းတဲ့ မိတ်ဖက်ဆက်ဆံရေး ကလည်း ပိုပြီးပေါ်လွင်လာပါတယ်။

ဒီနေ့အထိ ရုရှားရဲ့ ယူကရိန်း အပေါ်ကျူးကျော်မှုကို တရုတ်အနေနဲ့ တစ်ခါမှ ပြစ်တင်ဝေဖန်တာ မရှိသေးတဲ့ အပြင် စစ်ပွဲလို့ မသုံးနူံးဘဲ အထူးစစ်ဆင်ရေး တစ်ရပ်ဆိုတဲ့ စကားလုံးပဲ အသုံးပြုပြောဆိုလေ့ရှိကြောင်း လည်း သိရပါတယ်။

Ref:CNN

၂၀၁၈ က ကရင်မလင်မှာ အတူတွေရတဲ့ သမ္မတ ပူတင်နဲ့ အထူးသံတမန် ဝမ်ယိ
Photo Credit: Wikimedia Commons

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *