သမ္မတ ဂျိုး ဘိုင်ဒန်ရဲ့ ယူကရိန်းခရီးစဉ်ဟာ ရုရှား အတွက် သတင်းစကား တစ်ခု ဖြစ်တယ်လို့  မှတ်ချက်ပေးနေကြ

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီး တို့ ပွေ့ဖက်နုတ်ဆက်နေကြပုံ
Photo Credit: via Reuters

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၂၁

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှု ပထမဆုံး နှစ်ပတ်လည်နေ့    ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၂၄ရက်နေ့ မတိုင်ခင် ရက်ပိုင်း အလိုမှာ အမေရိကန် သမ္မတဟာ ရုရှား-ယူကရိန်း စစ်ပွဲဇုန်ထဲကို သွားရောက်ခဲ့တာတာဟာ အရေးပါတဲ့ သင်္ကေ တ တစ်ခု ဖြစ်တယ် လို့ အမေရိကန်ဝါရင့်သံတမန်ဟောင်း ဂျိမ်း ကရူးဆိုက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့  ရုရှားက သူရဲ့ ကျူးကျော်မှုတွေကို နောက်ပြန်လှည့်ဖို့ ခြေလှမ်း စနေတဲ့ အခု ရက်သတ္တပတ်ထဲမှာပဲ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ကြေငြာမထားတဲ့ ခရီးစဥ်အနေနဲ့ ယူကရိန်းနိုင်ငံကို ရောက်လာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ကိဖ့်မြို့ကို ရောက်လာတဲ့ သမ္မတ ဘိုင်ဒန်ဆီက ဘာအကူညီတွေ တောင်းခဲ့လည်းလို့ ယူကရိန်း သမ္မတ ဇလန်းစကီးကို မီဒီယာတွေက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒိမေးခွန်းအတွက် ဇလန်းစကီး ရဲ့အဖြေက  “ကမ္ဘာ့ ခေါင်းဆောင်တွေကိုစုရုံးပေးပါ။ ပြီးရင် ယူကရိန်းကို ပံ့ပိုးပေးဖို့ပြောပြပေးပါ။”လို့ သမ္မတ ဘိုင်ဒန်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဘိုင်ဒန်က မော်စကိုအပေါ် မကြုံစဖူး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့မဟာမိတ်တွေနဲ့မိတ်ဖက်တွေကို စည်းရုံး ခဲ့ပါတယ်။အခုဆိုရင် ဖင်လန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့လို့ သမိုင်းတစ်လျှောက် ကြားနေလာခဲ့တဲ့ နိုင်ငံတွေ ကပါမကျန် ယူကရိန်းကို  ဘဏ္ဍာရေး၊ သံတမန်ရေးနဲ့  စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်နေသလို ဥရောပဘက်ကလည်း ရုရှားရဲ့ စွမ်းအင်တင်ပို့တဲ့အပေါ် မှီခိုနေရတဲ့ အခြေအနေကိုလျှော့ချခဲ့ကြပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ယူကရိန်းအပေါ် ထောက်ခံမှု မလျော့ကြောင်း ရုရှားကို ပြဖို့ရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေတိုအတွေးပဲ ရှိခဲ့တဲ့ ပူတင်ရဲ့ ကျူးကျော်မှုတွေက မအောင်မြင်နိုင်ဘဲ ဒီနှစ်ထဲမှာပဲ ကျရှုံးတော့မှာ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုကြတယ်ဆိုတဲ့အကြောင်းလည်း သိရပါတယ်။

အဓိက အကျဆုံး သတင်းစကားကတော့ သမ္မတဘိုင်ဒန်က ကိယက်ဗ်ကို ရောက်ခိုက် “အမေရိကန်အနေနဲ့ ယူကရိန်းကို အချိန်ကြာကြာ ပံ့ပိုးပေး မှာ ပါ”လို့ လည်း ထပ်ခါထပ်ခါ ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။

Ref: CNA/el

ယူကရိန်းနိုင်ငံ ကိ့ဖ်မြို့မှာ အမေရိကန်သမ္မတ မိန့်ခွန်းပြောနေပုံ
photo Credit: Reuters/ Evan vucci

Leave a Reply

Your email address will not be published. Required fields are marked *