သမ္မတ ဂျိုကို ဝီဒီုဒိုက သမ္မတလောင်းပရာဘိုဝိုကို ဂုဏ်ထူးဆောင်ကြယ်လေးပွင့်ဗိုလ်ချုပ်ရာထူး ပေးအပ် 

 နိုင်ငံရေးအရ ဝေဖန်မှုတွေ ထွက်ပေါ်နေ

ဂျာကာတာ၊ ဖေဖေါ်ဝါရီ ၂၉

အင်ဒိုနီးရှားနိုင်ငံရဲ့  နောက်သမ္မတဖြစ်လာမယ့် ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်ကို သမ္မတ ဝီဒိုဒို ကိုယ်တိုင်က ဂုဏ်ထူးဆောင်ကြယ်လေးပွင့် ဗိုလ်ချုပ်ရာထူး ကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့  ၂၆ နှစ်အကြာက   စစ်တပ်ဟာ နိုင်ငံရေးကနေ နှုတ်ထွက်ပေးခဲ့ပြီးတဲ့နောက်ပိုင်း အငြင်းပွားဖွယ်ရာ လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တယ်လို့ နိုင်ငံရေး အကဲခတ်သူတွေက ဝေဖန်နေကြပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းကာလတွေမှာ တက်ကြွလှုပ်ရှားသူတွေ အဖိိနှပ်ခံခဲ့ရတာကို ပြန်အမှတ်ရပြီး အဲ့ဒီ ဂုဏ်ထူးဆောင်ချီးမြှင့်မှုကို ပြစ်တင်ဝေဖန်နေကြတယ်လို့ သိရပါတယ်။

 နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့  မစ္စတာဝီဒိုဒိုရဲ့  နောက်ဆုံး လုပ်ဆောင်မှုက  “စိတ်ရှုပ်ထွေးစရာ” ကောင်းသလို  “မလိုအပ်”တဲ့ လုပ်ရပ်လို့လည်း ပြောဆို ထောက်ပြပါတယ်။

ဒါပေမယ့်  လက်ရှိသမ္မတက သူ့လုပ်ရပ်ဟာ နိုင်ငံရေးအရ အပေးအယူ လုပ်တာမဟုတ်ဘူးလို့တုန့်ပြန်ပါတယ်။ ဒါက နိုင်ငံ ရေး အပေအယူဆိုရင် ရွေးကောက်ပွဲ မတိုင်မီမှာ ပေးမှာ ပေါ့ ဆိုပြီးလည်း သမ္မတက ပြောပါတယ်။ဒီတော့ စွပ်စွဲချက်တွေက  မှားပါတယ်” လို့ အခမ်းအနားကျင်းပတဲ့  ဂျကာတာအရှေ့ဘက်က စီလန်ကက်ပ် မှာရှိတဲ့ Indonesian National Armed Forces (TNI) ဌာနချုပ်မှာ  သမ္မတဝီဒိုဒိုက ပြောဆိုလိုက်တယ်လို့ သိရကြောင်းပါ။

Ref: CNA

ပုံစာသမ္မတ ဝီဒိုဒိုက ဂုဏ်ထူးဆောင် ကြယ်လေးပွင့် ရာထူးပေးအပ်နေစဉ်

Feature Image credit: CNA/ Danang Wisanggeni

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *