တီဟီရန်၊ ဇွန် ၃
အီရန်နိုင်ငံရဲ့ သဘောထားတင်းမာတဲ့ သမ္မတဟောင်း မိုဟာမက် အမာဒီနီဂျက်ဟာ ပြီးခဲ့တဲ ၂၀၂၄ မေလက ရဟတ်ယာဉ်ပျက်ကျကာ အီရန်သမ္မတအီဘရာဟန် ရိုင်ဆီ သေဆုံးသွားတဲ့နောက် လစ်လပ်သွားတဲ့ သမ္မတနေရာအတွက် မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
လာမယ့်သမ္မတရွေးကောက်ပွဲကိုတော့ အချိန်သိပ်ဆွဲ မနေဘဲ လာမယ့် ၂၀၂၄ ဇွန်လ ၂၈မှာ ကျင်းပသွားမယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက ဇွန် ၂ရက် တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ကြားကာလမှာ နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် ဦးဆောင်တဲ့ ဂါးဒီးယန်းကောင်စီက ကိုယ်စားလှယ်လောင်းတွေ ကို ရွေးချယ်ပြီး အရည်အချင်းပြည့်မီသူ စာရင်းကို ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတဟောင်း အမာဒီနီဂျက်ဟာ ၂၀၀၅ ခုနှစ်က အီရန်သမ္မတအဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် အရောက်မှာတော့ သက်တမ်းကန့်သတ်ချက်တွေနဲ့ မကိုက်ညီလို့ ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။
လက်ရှိမှာတော့ ဂါးဒီးယန်းကောင်စီလို့ ခေါ်တဲ့ တိုင်ပြည်ရဲ့ အဆင့်မြင့်ဆုံး၊အာဏာအရှိဆုံး အဖွဲကြီးရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီနဲ့ အမာဒီနီဂျက် တို့ကြားက ဆက်ဆံရေးက သိပ်ပြီး ချောမွေ့မနေဘူးလို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ သမ္မတဟောင်း အမာဒီနီဂျက်
Feature Image Credit: Majid Asgaripour/WANA/Reuters



