သမ္မတဟောင်း ဒေါ်နယ် ထရန့် လုပ်ကြံခံရမှု အကြောင်းရင်း ခံကို သဲလွန်စ ရှာမတွေ့သေးဘူးလို့ အက်ဖ်ဘီအိုင်ကဆို

ပန်ဆယ်ဗေးလ်နီးယား၊ ဇူလိုင် ၁၅

ဇူလိုင် ၁၄ရက်နေ့က ဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရန့် လုပ်ကြံပစ်ခတ်ခံရတဲ့ ကိစ္စကို အသက် ၂၀အရွယ် သောမတ်စ် မက်သရူး ခရွတ် တစ်ယောက်တည်းကသာ  လုပ်ခဲ့တာ ဖြစ်ပြီး တခြားပူးပေါင်လုပ်ကိုင် တဲ့သူ  မရှိဘူးလို့ အက်ဖ်ဘီအိုင် က ဇူလိုင် ၁၅ရက်နေ့မှာ ပြောဆိုလိုက်ပါ တယ်။လုပ်ကြံသူက တခြားနိုင်ငံ ရေးရည်ရွယ်ချက် ရှိ မရှိကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။

ပစ်ခတ်လုပ်ကြံသူ မက်သရူး ခရွတ်ဟာ ဘိုးဘွားရိပ်သာ လက်ထောက်တစ်ယောက်ဖြစ်ပြီး လျှို့ဝှက်လုံခြုံ ရေးတပ်ဖွဲဝင်တွေက နေရာမှာတင်  ပစ်ခတ်ရှင်းတာခံခဲ့ရပါတယ်။

သူဟာ ၂၀၂၂ခုနှစ်မှာ သူ့ဇာတိ ပန်ဆယ်လ်ဗေးနီးယားမှာအထက်တန်းကျောင်းအောင်ခဲ့သူ လည်း ဖြစ်ပါတယ်။

အက်ဖ်ဘီအိုင်ရဲ့ ထွက်ဆိုချက်အရ တရားခံဟာ ပစ်မှု နောက်ခံ မှတ်တမ်းမရှိသလို စိတ်ကျန်းမာရေး မကောင်းတဲ့ လက္ခဏာလည်း မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့မွန်းလွဲပိုင်း က ဒေါ်နယ် ထရန့် မဲဆွယ်ဟောပြောနေတဲ့ စင်မြင့်ကနေ ကိုက်၁၅၀ လောက်နေရာမှာရှိတဲ့ အဆောက်အဦရဲ့ ခေါင်မိုးပေါ်ကနေ သူ့ဖခင်ပိုင်တဲ့  AR-15 မောင်းပြန် ရိုင်ဖယ်နဲပစ်ခတ်ခဲ့တာ လို့သိရပါတယ်။

ဒီပစ်ခတ်မှုမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး တခြားကြည့်ရှုသူ နှစ်ယောက် ဒဏ်ရာပြင်းပြင်ထန်ထန်စွာ ရခဲ့သလို ထရန့်ရဲ့  နားရွက်ကို ထိမှန်ခဲ့ပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်ဖို့  ကြိုးပမ်းတဲ့ လုပ်ဆောင်ချက်က အမေရိကန်နိုင်ငံရဲ့  ခါးသီးတဲ့  နိုင်ငံရေး ကွဲပြားမှုကို ပိုပြီး မီးမောင်းထိုးပြနေတာလို့ ထောက်ပြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာ။ ပစ်ခတ်ခံရအပြီး တွေ့ရတဲ့ ဒေါ်နယ် ထရန့်

Feature Image Credit: Jabin Botsford/The Washington Post)

Visited 82 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *