သမ္မတရုံးခြံဝင်း အပြင်ဘက်မှာ တောင်ကိုရီးယားရဲအရာရှိ နှစ်ယောက် ဓားထိုးခံရ

ဆိုးလ်၊ အောက်တိုဘာ ၃၁

တောင်ကိုရီးယားနိုင်ငံ  ဆိုးလ်မြို့တော်မှာရှိတဲ့  သမ္မတရုံးခြံဝင်းအပြင်ဘက်မှာ အောက်တိုဘာ ၃၁ရက်က ရဲအရာရှိ နှစ် ယောက် ဓားထိုးခံရပြီးတဲ့ နောက်တရားခံအမျိုးသားကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့  မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။

ဓါးထိုးခံရတဲ့အရာရှိတွေဟာ   ခြံရှေ့မှာ ဆူပူအော်ဟစ်နေတဲ့  အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို ထိန်းသိမ်းဖို့ ကြိုး စားရာမှာ  အရာရှိတစ်ယောက်က ဗိုက်ကို ဓါးနဲ့ အထိုးခံခဲ့ရသလိူ အခြားအရာရှိတစ်ယောက်ကတော့ လက်မောင်းကို အထိုး ခံခဲ့ရတာလို့ Yonhap သတင်းဌာနက ဖော်ပြပါတယ်။

ဒဏ်ရာရတဲ့  အရာရှိ နှစ်ယောက်ကိုတော့  ဆေးရုံတင်ပြီး  ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။

ဆိုးလ်မြို့တော်ရဲအေဂျင်စီက ဖြစ်ရပ်ကို အတည်ပြုခဲ့ပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ကတော့ မှတ်ချက် တစ်စုံတစ်ရာ ပြောဆိုတာ မရှိသေးပါဘူး။

SBS News ကတော့    ဓါးကိုင်ထားတဲ့ လူတစ်ယောက်ကို  မြေကြီးပေါ်   ချုပ်လှဲထားတဲ့  ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။

သမ္မတ ယွန်းဆွတ်က်ရိုး ကတော့ အခင်းဖြစ်နေရာနားက အိမ်ပြာတော်လို့ ခေါ်တဲ့  ၁၉၄၈ခုနှစ်ကတည်းက သမ္မတအဆက် ဆက် နေထိုင်ခဲ့တဲ့ သမ္မတ အိမ်တော်မျာ နေထိုင်နေတာမဟုတ်ဘဲ  ပြီးခဲ့သောနှစ် ၂၀၂၂ခုနှစ်ကစပြီး ဆိုးလ်မြိုက  သမ္မတရုံး နေရာကို ပြောင်းနေထိုင်နေတယ်လို့လည်း သိရပါတယ်။

သမ္မတယွန်းရဲ့ ရုံးကတော့ ဓါးထိုးမှုနဲ့ ပတ်သက်ပြီး  ချက်ချင်းမှတ်ချက်မပေးသေးသလို သမ္မတကြီးဟာ အခင်းဖြစ်ချိန်က ဘယ်မှာ ရှိနေသလည်းဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သိရပါတယ်။

Ref: Reuters/zl

ပုံစာသမ္မတရုံး ကို တွေ့ရပုံ

Feature Image Credit: AFP/Jung Yeon-je

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *