သမ္မတယွန်ကို ဆက်ပြီး ထိန်းသိမ်းထားဖို့ သက်တမ်းတိုးမိန့်  တောင်းဆိုမှုကို တောင်ကိုရီးယားတရားရုံးက ပယ်ချ

ဆိုးလ်း ဇန်နဝါရီ ၂၅

ဆိုးလ်တရားရုံးကတော့ စွပ်စွဲပြစ်တင်ခံနေရတဲ့  သမ္မတယွန်ကို ထိန်းသိမ်းထားတဲ့ကာလ သက်တမ်းတိုးဖို့ စုံစမ်းစစ်ဆေးရေးမှုးတွေရဲ့  ထပ်မံတောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ Yonhap သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ယွန်ဟာ ပြီးခဲ့တဲ့  သီတင်းပတ်တွေက သူပုန်ထမှု စွဲချက်နဲ့  ဖမ်းဆီးခံခဲ့ရပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ခံရတဲ့ ပထမဆုံးသော တောင်ကိုရီးယား နိုင်ငံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

သမ္မတယွန်  ထုတ်ပြန်ခဲ့တဲ့  စစ်အုပ်ချုပ်ရေးအမိန့်ဟာ ပါလီမန်ထဲ အတင်းအဝင်လာတဲ့ လွှတ်တော်အမတ်တွေက မဲခွဲမဆုံးဖြတ်မီအထိ  ခြောက်နာရီလောက်သာ ကြာခဲ့ပေမယ့်လည်း  ဆယ်စုနှစ်များစွာအတွင်း တောင်ကိုရီးယားနိုင်ငံကို  အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်းထဲကို ကျဆင်းသွားစေခဲ့ပါတယ်။

တရားရုံးတစ်ရုံးက သူ့ကို  ဖမ်းဝရမ်းထုတ်ထားဆဲ ဖြစ်ပြီး သက်သေအထောက်အထားတွေကို ဖျက်ဆီးမယ့် အန္တရာယ်ရှိနေတယ်လို့ စုံစမ်းစစ်ဆောသူတွေက ပြောပါတယ်။ လာမယ့် ဇန်နဝါရီ ၂၈ အင်္ဂါနေ့မှာတော့ အမှုနဲ့ သက်ဆိုင်တဲ့ မူရင်းစာရွက်စာတမ်းတွေ  သက်တမ်းကုန်ဆုံးတော့မယ်လို့  စုံစမ်းစစ်ဆေးသူတွေက ပြောဆိုလိုက်ပါတယ်။

Ref: AFP

ပုံစာ။ ဇန်နဝါရီ ၂၃ရက်နေ့က တရားရုံးတော်မှာ တွေ့ရတဲ့ သမ္မတယွန်

Feature Image Credit: JEON HEON-KYUN

Visited 36 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *