ဘေကျင်း၊ မေ ၁၄
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အခုသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံကို ခရီးထွက်ခွာပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ နှစ်နိုင်ငံမီဒီယာတွေက ဒီနေ့ အင်္ဂါနေ့ (မေလ ၁၄ ရက်) မှာ ထူတ်ပြန်လိုက်ပါတယ်။
ပူတင်ဟာ ဘေဂျင်းမြို့မှာ လာမယ့် မေ လ ၁၆ရက် ကြာသပတေးနေ့ကနေ ၁၇ရက် သောကြာနေ့အထိ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက ပူတင်ဟာမတ်လမှာ ရုရှားသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီး ပူပူနွေးနွေး နှစ်နိုင်ငံတွေ့ဆုံမှာ ဖြစ်ပါတယ် လို ဆိုပါတယ်။
“သမ္မတ ရှီဟာ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေအပေါ် သမ္မတပူတင်နဲ့ အမြင်ချင်းဖလှယ်သွားမှာ ဖြစ်ပါတယ်” ဆိုပြီးလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် တန်ဘင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တွေဆုံမှု အပြီးမှာတော့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမယ့် အကြောင်းကိုလည်း ကရင်မလင်နန်းတော်က ပြောဆိုလိုက်ပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် အထိမ်းအမှတ်ညနေခင်းမှာ တွေ့ဆုံကြမှာ ဖြစ်တယ်လို့လည်း ပြောဆိုလိုက်တဲ့ အကြောင်း သိရပါတယ်။
Ref: AFP/at/rc
ပုံစာ။ ၂၀၂၃တုန်းက ခေါင်းဆောင်နှစ်ယောက် ဘေကျင်းမှာ တွေ့ဆုံခိုက်
Feature Image Credit: REUTERS/Sputnik/Segei Guneev



