ပထမဆုံး ဆိုဗီယက်ယူနီယံပြင်ပ ခရီးတစ်ခုလည်းဖြစ်
ဘေကျင်း၊ အောက်တိုဘာ၁၇
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ဘေဂျင်းမြို့ကို ရောက်လာခဲ့ပြီး တရုတ်နဲ့ အိမ်နီး ချင်းနိုင်ငံကြီးတွေအကြား အပြန်အလှန်ယုံကြည်မှုနဲ့ အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးကို ပြဖို့ ရည်ရွယ်တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတပူတင်နဲ့ သူ့အဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၇ အင်္ဂါနေ့နံနက်ပိုင်းမှာ ဘေဂျင်းမြို့တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပျံသန်းရောက်ရှိခဲ့တဲ့ အကြောင်း သိရပြီး ဒါဟာကရင်မလင်နန်းတော် အကြီးအကဲရဲ့ အခုနှစ်အတွင်း ဆိုဗီ ယက်ယူနီယံပြင်ပ ပထမဆုံးတရားဝင်ခရီးစဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ပူတင်ကို ဟိဂ်မြို့အခြေစိုက် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ယူကရိန်းက ကလေးတွေကို တရားမ၀င် ပြည်နှင် ဒဏ်ပေးခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၂၃ခုနှစ် မတ်လမှာ ဖမ်းဝရမ်းထုတ်ခဲ့ပြီးကတည်းက ပူတင်ဟာ နိုင်ငံရပ်ခြားခရီး မရှိ သလောက်ဖြစ်ခဲ့ပြီး အခုလအစောပိုင်းက ဆိုဗီယက်သမ္မတနိုင်ငံဟောင်း ကာဂျစ္စတန်ကို သွားရောက်ခဲ့ပါတယ်။
အခု တရုတ်ခရီးစဥ်က အခုနှစ်ရဲ့ ဒုတိယမြောက်ဖြစ်ပါတယ်။ ICC ရဲ့ အမိန့်အရ အဖွဲဝင် ၁၂၃နိုင်ငံရဲ့ မြေကိုခြေချရင် အဖမ်း ခံရမှာဖြစ်ပြီး ICC ဆီကို လွဲပြောင်းခံရမှာ ဖြစ်ပါတယ်။
ကာဂျစ်စတန်နဲ့ တရုတ်နိုင်ငံတို့ကတော့ စစ်ရာဇ၀တ်မှုတွေကို တရားစွဲဆိုဖို့ ဖွဲ့စည်းထားတဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေ မဟုတ် ဘူး လို့ သိရပါတယ်။
Ref: Reuters/ga
ပုံစာ။ တရုတ်ခေါင်းဆောင်နဲ့ အတူတွေ့ရတဲ့ သမ္မတ ပူတင်
Feature Image Credit: REUTERS/Wu Hong/Pool)



