အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ဇွန်၁ရက်က ကော်လိုရာဒို ပြည်နယ် လေတပ်အကယ်ဒမီကျောင်း သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတစ်ဦးကို အောင်လက်မှတ်ပေးနေရင်း မတ်တပ်ကနေ ရုတ်တရက်လဲကျသွားလို့ ဘေးကလူတွေဝိုင်းထူပေးလိုက်ရပါတယ်။
သင်တန်းဆင်းဗိုလ်လောင်း ၉၂၁ဦးကို အောင်လက်မှတ်ပေး လက်ဆွဲနှုတ်ဆက်ဖို့ ၁နာရီခွဲလောက် မတ်တပ်ရပ်နေခဲ့ရလို့ ဒူးတွေမထိန်းနိုင်တော့ဘဲ ညွတ်ကျသွားတာဖြစ်ပါတယ်။ တခြားကျန်းမာရေးပြဿနာ ဘာမှမရှိဘူးလို့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးက အတည်ပြုပါတယ်။ညနေပိုင်းမှာ သတင်းလာယူတဲ့ သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ဂျိုးဘိုင်ဒင်က ပြုံးစိစိနဲ့ရှင်းပြတယ်။
ဆုပေးပွဲစင်မြင့်ပေါ်တင်ထားတဲ့ အနက်ရောင် သဲအိတ်ကိုနောက်ပြန်နင်းလိုက်မိလို့ ခြေချော်ပြီးလဲကျခဲ့တာလို့ ပြောပြပါတယ်။ သမ္မတကြီးဘာမှမဖြစ်ဘူး ။အခမ်းအနားကအပြန်လေယာဉ်ပေါ်တက်တော့ ပြုံးလို့ ရွှင်လို့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲလို့ အိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီး ကာရင်းယန်းပီယဲက ထပ်လောင်းပြောကြားခဲ့ပါတယ်။
တကယ်ဆိုရင် အသက် ၈၀ကျော်နေပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ နနေပါပြီ။ နောက်ထပ်သမ္မတအရွေးခံဖို့ မသင့်တော့ဘူးလို့ လူမှုကွန်ရက်တွေမှာ အများစုက ဝေဖန်ထောက်ပြကြတယ်။ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ပြည်ထောင်စုမှာ ရာထူးလည်းအကြီးဆုံး အသက်လည်းအကြီးဆုံးဖြစ်ပါတယ်။
Ref: Aljazeera