အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင် မက်ကာသီတို့ နှစ် ယောက်ဟာ အိမ်ဖြူ တော်မှာ မေ၂၂ ရက်က သီးခြားတွေ့ဆုံဆွေး နွေးခဲ့ကြတာပါ။
အစိုးရကြွေးမြီကန့်သတ်ချက်နဲ့ပတ်သက်ပြီးဖြေလျှော့ပေးဖို့အတွက် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု သမ္မတက ရီပတ်ဘလီ ကန်ပါတီကိုယ်စားပြုအောက်လွှတ်တော် ဥက္ကဌကို သီးခြားတွေ့ဆုံညှိနိုင်းခဲ့တာ ဖြစ်ပါတယ်။
အစိုးရက ပြန်ဆပ်ရမယ့် ကြွေးက ဒေါ်လာ ၃၂ ထရီလီယံ ကျော် ရှိနေပြီဖြစ်တဲ့အတွက် ဖြစ်သင့်တဲ့အတိုင်းအတာထက် အများ ကြီးလွန်နေပြီဆိုတာကို သိပေမယ့် နောက် ကျနေခဲ့ပြီ။ ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရ သုံးခဲ့တဲ့ငွေ ပမာဏ ထက်များနေတာကို ဂျိုးဘိုင်ဒင်သတိပြုမိ လိုက်တဲ့အတွက် အခုဆိုရင် စိုးရိမ်စရာ ဆင့်ကိုရောက်နေတာဖြစ်ပါတယ်။
သတ်မှတ်ငွေပမာဏကို အလိုက်သင့် အလျားသင့် တိုးပြီးခွင့်ပြုပေးဖို့ ကယ်ဗင်မက် ကာသီဖက်က သဘောတူညီလိုက်တယ်။ ဒါပေမယ့် ပမာဏမည်ရွေ့မည်မျှဆိုတာ မသတ်မှတ်ရသေးဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရသူကအတည်ပြုပါတယ်။
Ref: CNN