သမီးဖြစ်သူကို နှစ်သစ်လက်ဆောင် ပေးလိုက်တဲ့ ထက်ထက်မိုးဦး

၁ ဇန်နဝါရီ၊၂၀၂၄

ရုပ်ရှင်မင်းသမီး အကယ်ဒမီထက်ထက်မိုးဦးက သူ့ရဲ့သမီးလေး စစ်လွန်းဝတီထက်ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ကားတစ်စီးနဲ့အိုင်ဖုန်းတစ်လုံးလက်ဆောင်ပေးလိုက်ပါတယ်။

အဲ့ဒီ့အကြောင်းကို သူ့ရဲ့လူမူကွန်ယက်စာမျက်နှာကနေ အသိပေးလိုက်တာဖြစ်ပါတယ်။

“မေမေ့ အသဲနှလုံးလေး​ရေ လိမ္မာပြီး စာသိပ်တော်တဲ့သမီးလေးဘဝတစ်လျှောက်လုံးအရာရာပြည့်စုံပီးဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ။အမြဲအေးချမ်းပြီး အန္တရာယ် ကင်းပါစေလို့မေမေဆုတောင်းပေးလိုက်ပါတယ်။နှစ်သစ်မှာ ကျရောက် လာမယ့်သမီးလေးမွေးနေ့အတွက်ကားတစ်စီးနဲ့ I phone 15 Pro Max လေးလက်ဆောင်ဝယ်ပေးရလို့မေမေအတိုင်းမသိပျော်ရွှင်နေရပါတယ်။နှလုံးသားချင်း အသွေးအသားချင်းဆက်နေတဲ့မေမေ့သမီးအသဲနှလုံးလေးကိုအချစ်ရဆုံးပါကွယ်။အားလုံးပဲကျန်းမာချမ်းသာကြပါစေ။နှစ်သစ်မှာအေးချမ်းကြပါစေ။ငွေတွေများကြီးဝင်ကြပါစေ”ဆိုပြီး သမီးနဲ့နှစ်ယောက်တွဲပုံတင်ပြီးအသိပေးလာတာပါ။

စစ်လွန်းဝတီထက်ဟာ အဆိုတော်စိုင်းလွှမ်းနဲ့ထက်ထက်မိုးဦးတို့ရဲ့ တဦးတည်းသောသမီးဖြစ်ပြီး၊ မိဘနှစ်ဦးဟာသူမငယ်စဥ်ကတည်းက အိမ်ထောင်ကွဲခဲ့တာဖြစ်ကြောင့်၊ဖခင်ဖြစ်သူနဲ့မန္တလေးမြို့မှာ အတူနေထိုင်နေတာဖြစ်ပါတယ်။

စစ်လွန်းဝတီထက်ကလဲ သူ့အကောင့်ကနေအသိပေးထားပါတယ်။

“15promax လေး နှင့် FineWoven Case လေးNew year Gift လား Birthday Gift လားမေးပေးဦး”လို့တင်ထားပြီး၊ ထက်ထက်မိုးဦးက ကော့မန့်မန့်ပြီး၊အပြန်အလှန်ဆုတောင်းပေးတာကြောင့် အားပေးတဲ့ပရိတ်သတ်တွေက ဝမ်းသားပျော်ရွင်တယ်ဆိုတဲ့ မန့်လေးတွေနဲ့ အသိပေးထားတာတွေ့ရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *