သမိုင်းပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းနှစ်(၁၀၀)ပြည့် မွေးနေ့အမှတ်တရ “သန်းထွန်း၁၀၀´´စာအုပ် ထုတ်ဝေဖြန့်ချိ

စာအုပ်ထဲမှာ ဆရာကြီးကို လေးစားချစ် ခင်တဲ့ စာရေးသူ ၁၅ယောက်ရဲ့ လက်ရာ စာမျိုးစုံ ၂၂ပုဒ်ပါရှိ

မန္တလေး၊ ဧပြီ ၁

၂၀၂၃ခုနှစ်ဧပြီလ၆ရက်နေ့မှာ ကျရောက် တဲ့ မြန်မာနိုင်ငံမှာ အထင်ကရ သမိုင်းပညာ ရှင်ဆရာကြီးဒေါက်တာသန်းထွန်း (၁၀၀)နှစ်ပြည့်မွေးနေ့းအမှတ်တရ“သန်းထွန်း၁၀၀´´စာအုပ်ကိုဆရာကြီးကိုလေးစားချင်တဲ့သမိုင်းပညာရှင်တွေစာရေးဆရာတွေနဲ့ ကဗျာဆရာတွေက စုပေါင်းရေးသားထား ပြီး စာမျက်နှာပေါင်း ၂၃၀နီးပါးနဲ့ စိတ်ကူးချိုချိုစာပေတိုက် ကနေဧပြီ လ ၁ရက် နေ့မှ စတင်ထုတ်ဝေဖြန့်ချိရောင်းချခဲ့ပါတယ်။

စာအုပ်ထဲမှာပါဝင်တဲ့ စာရေးသူ အချို့နဲ့စာ ခေါင်းစဉ်အချို့ကတော့ မဟာသုတေသီရဲ့ နေဝင်ချိန်(ခင်မောင်ကြီး)၊  ဗဒုံမင်းနှင့် လူမျိုး ၁၀၁ ပါးအယူအဆ  (တိုးလှ – မြန်မာ သမိုင်းကော်မရှင် ဒုဥက္ကဋ္ဌ )၊ ရွှေပြည် ကြီး မောင်ခင်မောင် မြန်မာ့နိုဗယ် (ဒေါက် တာစိန်မြင့်၊အချိန်ပိုင်းပညာရှင်၊ မြန်မာ နိုင်ငံသမိုင်းကော်မရှင်)၊အထက်မြန်မာနိုင် ငံမွတ်စလင်သမိုင်း (၁၉၄၈-၆၂) (သိန်းမြင့်)၊ တောင်သမန်စက္ကူပန်းရုံအောက်မှာ အ နှစ် ၁ဝဝ လွမ်းစရာ (မောင်နွေထက်-မန္တလေး)နဲ့An Agrarian Economy of the Nine-District of Kyaukse, The Rice Bowl of Myanmar (1752-1885)(Soe Kyaw Thu)တို့ဖြစ်ကြပြီး မြန်မာလိုရော၊ အင်္ဂလိပ်လိုရော စာစုစုပေါင်း(၂၂)ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာသန်းထွန်း အသက်(၁၀၀)ပြည့် မွေးနေ့အအမှတ်တရထုတ်ဝေခဲ့တဲ့ “သန်း ထွန်း၁၀၀´´စာအုပ်ကို စာချစ်တွေအနေနဲ့ စိတ်ကူးချိုချိုစာပေမှ တစ်အုပ်၆၀၀၀ကျပ် နဲ့ဧပြီလ၁ရက်နေ့က စတင်ပြီး ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

ဆရာကြီးဒေါက်တာသန်းထွန်းကို လေးစား ချစ်ခင်ကြတဲ့သူတွေစုပေါင်းပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ၆ရက်နေ့မှာ ကျရောက်တဲ့ ဆရာကြီးအသက်(၁၀၀)နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ်အမရပူရမြို့နယ်ကတောင်လေးလုံးကျောင်းတိုက်မှာသံဃာတော်အရှင်သူ မြတ်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်း သွားမှာဖြစ်တဲ့အပြင် ဆရာကြီးအုတ်ဂူ တည်ရှိရာ အမရပူရမြို့နယ်၊လင်ဇင်းကုန်း သုဿန်က ဆရာကြီးရဲ့အုတ်ဂူကို စုပေါင်း သန့် ရှင်းရေး လုပ်ပေးကြမယ်လို့လည်း သိရ ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *