“အမေရိကမှာ ဒီလိုမျိုး ကြုံလာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး၊ ဖြစ်လာနိုင်မယ် မထင်ဘူး”
သမ္မတဟောင်း ဒေါ်နယ် ထရန့်မ်

Photo Credit :DW
သမ္မတဟောင်း ဒေါ်နယ် ထရန့်မ် ကို နယူးယော့ခ်က မန်ဟက်တန် ရာဇ၀တ်တရားရုံးမှာ စီးပွားရေးမှတ်တမ်းတွေ အတု အယောင် လုပ်မှုနဲ့ စွဲချက် ၃၄ ခုကို စွဲဆိုခဲ့တာဖြစ်တယ်။ ထရန့်မ်ကတော့ သူမှာ အပြစ်မရှိဘူးလို့ ထွက်ဆို ပါတယ်။ ၂၀၂၃ခု ဧပြီလ ၄ရက် အင်္ဂါနေ့က အမေရိကန်နိုင်ငံမှာ သမိုင်းဝင်မယ့် တရားစီရင်မှု တစ်ခု လုပ်ခဲ့ကြတယ်။ဒါက ဒါ့အပြင် အပြာ မယ် စတွန်းမီ ဒန်နီရယ် ဆိုတဲ့ မိန်းကလေးနဲ့ ပျော်ပါးခဲ့ပြီး နုတ်ပိတ်ခပေး အသံတိတ်စေခဲ့တာ စတာတွေက ၂၀၁၆ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ် ဆိုတဲ့ အစိုးရရှေ့နေတွေရဲ့ စွဲချက်တွေနဲ့ တရားရုံးတော်က ခေါ်ယူ ကြား နာခံရတဲ့အထိ ပြသနာက ကြီးထွားလာတော့ ဒီ အဖြစ်အပျက်တွေက သမိုင်းမှတ်တမ်း ဝင်ခဲ့ရပြီ ဆိုတာကိုတော့ ငြင်းမရ နိုင်တော့ပါ။
စွပ်စွဲခံနေရတဲ့ သမ္မတဟောင်း ထရန်မ့်ကတော့ “အမေရိကမှာ ဒီလိုမျိုး ကြုံလာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ ဖူး ဘူး၊ ဖြစ်လာနိုင်မယ် မထင်ဘူး” လို့ ပြောပါတယ်။ ကျနော်ကတော့ ကျနော့ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့ လူတွေ လက် ကနေ မကြောက်မရွံ့ ရုန်းထွက် ကာကွယ်ဖို့ပါပဲ လို့ ပြောပါတယ်။ နောက်တစ်ကြိမ် လူကိုယ်တိုင် ကြားနာမှုကိုတော့ ဒီဇင်ဘာ ၄ ရက်မှာ လုပ်ဖို့ စီစဉ်ထားပေမယ့်လည်း ထရန့်မ်ရဲ့ ရှေ့နေတွေ ကတော့ နောက်ရုံးချိန် မတိုင်မီ မှာပဲ အမှု့ကို ပြီးပြတ်သွားအောင် တတ်နိုင်သမျှ ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။
ထရန့်မ်ရဲ့ ရုံးချိန်းနေ့မြင်ကွင်းကို နည်းနည်းလောက် နောက်ကြောင်း ပြန်ကြည်မယ်ဆိုရင် အတော့်ကို ကြီးမားတဲ့ လှုပ်ခတ်မှု ကြီး တစ်ခု ဖြစ်ခဲ့တာကတော့ အသေအချာပါ။
အစကနဦးမှာပဲ နယူးယော့ခ် မြို့တော်ဝန် အဲရစ် အဒမ်က အခု့တော့ ဒေါ်နယ် ထရန့်မ်ဟာ နယူးယော့ခ်မြို့ကို လာပြီး တရား စွဲ ခံရတဲ့ ပထမဆုံး အမေရိကန် သမ္မဟောင်း တစ်ယောက် ဖြစ်ခဲ့ပြီလို့ ဆိုပါတယ်။
အင်္ဂါနေ့ကဆို တရားရုံးအနီးအနားမှာ စာနယ်ဇင်းသမားတွေ၊ ဆန္ဒပြသူတွေ၊ ရဲတွေ ကမခန့်မှန်းနိုင်လောက်တဲ့ အထိ များ ပြား နေပြီး တရားရုံး အဝင်လမ်းမှာ စုပြုံတိုးနေကြတယ်။ သိရတာတော့ အဲဒိနေ့ကဆို နယူးယောခ် တစ်ခွင် မန်ဟက် တန်အနှံ့ ရဲအင်အား ၃၅၀၀လောက်အထိ သုံးပြီး လုံခြုံရေး အစီအမံတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေါ်နယ် ထရန့်မ်ကတော့ တနင်္လာနေ့ ကတည်းက ဖလော်ရီဒါကနေ နယူးယော့ခ် ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ နယူး ယော့ခ်က La Guardia လေဆိပ်က အဆင်း ရဟတ်ယာဥ် အစောင့်အရှောက်တွေပါတဲ့ ယာဥ်တန်းက ထရန့်မ် နေထိုင် မယ့် အိမ်ကို လိုက်ပို့ပေးခဲ့ပါတယ်။
နောက်တစ်နေ့ အင်္ဂါနေ့မှာတော့ သမိုင်းဝင် လောင်းကြေးတွေ ပါတဲ့ ဒရာမာ တစ်ပုဒ်ကို စတွေ့ကြရတော့မှာမို့ တစ်ကမ္ဘာ လုံး ကလည်း စိတ်ဝင်တစားဖြစ်နေပါပြီ။
ရဲ့အရာရှိတွေ၊လျိုဝှက်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေကလည်း လည်တစ်ဆန့်ဆန့်နဲ့ မြို့ရဲ့ နေရာအနှံ့မှာ နိုက်နိုက် ချွတ်ချွတ် နေရာယူထားနှင့်ကြပြီ ဖြစ်ပါတယ်။
အင်္ဂါနေ့ကို ရောက်ခဲ့ပါပြီ။ ရုံးထုတ်မယ့်နေရာကတော့ မတ်ဟက်တန်ခရိုင်ရှေ့နေ အယ်လဗင် အယ်လ် ဘရက် ရဲ့ ရုံးမှာ ဖြစ် ပါတယ်။
တစ်ချိန်တည်းမှာပဲ မတူတဲ့ ရည်ရွယ်ချက်တွေ ကိုယ်စီနဲ့ လူစုလူဝေးကတော့ ရုံးအနားတစ်ဝိုက်မှာ စုရုံး ရောက် ရှိလို့ နေ ပါ ပြီ။
မြို့တော်ဝန် အဲရစ် အဒမ် က ဒေါ်နယ် ထရန့်မ်ကို ထောက်ခံရပ်တည်ပေးနေတဲ့ သူတွေအတွက် သတင်းစကား ပါးရာမှာ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ အထူး သတိပေးပြောဆိုပါတယ်။ သူကပဲ “ကျွန်တော် တို့ရဲ့ သတင်းစကားက ရှင်းရှင်းလင်းလင်းနဲ့ ရိုးရှင်းပါတယ်- ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ” လို့ မစ္စတာ အဒမ်က သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။
ခရိုင်ရှေ့နေ မစ္စတာ ဘရက် က မစ္စတာ ထရန့်မ်ကို စွဲဆိုထားတဲ့ ကိစ္စက အမျိုးသား နိုင်ငံရေး အခင်းအကျင်းကို တုန်လှုပ် ခြောက်ခြားစေခဲ့တယ် လို့လည်း မှတ်ချက်ပေးပါတယ်။
ဆန္ဒပြသူတွေကို သတိပေးရာမှာ မစ္စတာ အဒမ်ဟာ ဂျော်ဂျီယာက ရှေးရိုးစွဲ ရီပတ်ဘလီကန်တစ်ဦးဖြစ်တဲ့ မာဂျရီ တေလာ ဂရင်း တို့လို့ သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်တတ်တဲ့ သူတွေ ကျနော်တို့ မြို့ကို ရောက် နေပြီမို့ သတိထားဖို့ လိုပါပြီ လို့ မစ္စတာ အဒမ်က ပြောဆိုပါတယ်။
ထရန့်မ် နဲ့ တစ်ရက်တည်း တနင်္လာနေ့မှာ နယူးယော့ခ် ကို ရောက်လာတဲ့ သမ္မတဘိုင်ဒန်ကတော့ နယူးယော့ခ် အာဏာပိုင်တွေဟာ ဘယ်လိုအခက်အခဲကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါ တယ်။ “နယူးယောက်ရဲဌာနကို ကျွန်တော်ယုံကြည်ပါတယ်” လို့သူကပြောပါတယ်။
အခုတော့ အမေရိကန်လို နိုင်ငံကြီးရဲ့ သမ္မတဟောင်းတစ်ယောက်က လူသိရှင်ကြား ရုံးတင်စစ်ဆေးခံနေရပါပြီ။ မှန်ခြင်း မှားခြင်း၊ အပြစ်ရှိခြင်းမရှိခြင်းကတော့ တရားရုံးတော်က ဆုံးဖြတ်မှာပါ။ ဒါမှလည်း လူသားဆန်တဲ့ ဒီမိုကရေစီ ခေါင်းကိုင် ဖခင်ကြီး လို့ သတ်မှတ်ခံထားရတဲ့ အမေရိကန်ပြည်ထောင်စု ဆိုတဲ့ ဂုဏ်ရည်က တည်မြဲနိုင်မှာ ပါ ဖြစ်ပါတယ်။
(နယူးရော့ခ် တိုင်းမ် မှာ ဧပြီ ၃ ရက်နေ့က ဖော်ပြခဲ့တဲ့ မူရင်းဆောင်ပါးကို ရေးသားသူ ကိုရီ ကေဂါနန် ဟာ လူသားတွေရဲ့ စိတ်ဝင်စားဖွယ် သတင်းဇာတ်လမ်းတွေကို ဖော်ပြလေ့ရှိတဲ့ မက်ထရို သတင်းထောက်ဖြစ်ပြီး သူတို့ သတင်းအဖွဲဟာ၂၀၀၉ ခုနှစ်မှာ ပူလစ်ဇာဆု ချီးမြှင့်ခံခဲ့ရပါတယ်။)



