မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ဖော့တောလမ်းဆုံမှာ အောက်တိုဘာလ၅ရက်မနက်၁၀နာရီခွဲက မန္တလေးက ဟိုပင်ကို ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှာ ငရုတ်သီးစိမ်းအိတ်များနဲ့ကွမ်းခြင်းတွေထဲဖွက်ပြီး သယ်ဆောင်လာတဲ့ ကျပ်သိန်း၃၇၀၀ ကျော်တန်ဖိုးရှိဘိန်း ဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာလ၅ရက်မနက်၁၀နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သပိတ်ကျင်းမြို့နယ်၊ ဖော့တောလမ်း ဆုံမှာ မန္တလေးမှ ဟိုပင်ကို ပြေးဆွဲတဲ့ ခရီးသည်တင်မော် တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကောင်းသန့်ကျော်နှင့်ခန့်ဇင်ဝင်းတို့ ၂ ဦး သယ်ဆောင်လာတဲ့ ငရုတ်သီးစိမ်းအိတ်များနှင့်ကွမ်းခြင်းအတွင်းတို့ထဲက ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို သိမ်းဆည်းရမိခဲ့တာလို့သိရပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ရှမ်းပြည်နယ်ကနေကချင်ပြည်နယ်ကို ပို့ ဆောင်မယ့် မူးယစ်ဆေးဝါးတွေဖြစ်ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။