သပိတ်ကျင်းမြို့နယ်မှာ ကျပ်သိန်း၃၉၀တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ ဖော့တောရွာအနီးမှာ စက်တင်ဘာလ၂၆ရက် မနက်၆နာရီခွဲက ခရီးသည်တင်ကားတစ်စီးပေါ်လိုက်ပါလာတဲ့ ခရီးသည်အမျိုးသားတစ်ဦးဆီက ကာလတန်ဖိုးငွေကျပ်သိန်း၃၉၀ တန်ဖိုးရှိ ဘိန်းဖြူများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ စက်တင်ဘာလ၂၆ရက် မနက်၆နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ် ဖွဲ့က တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သပိတ်ကျင်းမြို့နယ်၊ ဖော့တောရွာအနီးမှာ မော်တော်ယာဥ်များကို ရပ်တန့်စစ်ဆေးမှုများ ဆောင်ရွက်နေချိန် ခရီးသည်တင်ကားတစ်စီး ပေါ်လိုက်ပါလာတဲ့ခရီးသည်မြတ်ထွန်း(၅၂နှစ်) သယ်ဆောင်လာတဲ့စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအ လေးချိန် ၁.၅၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၉၀)နှင့်လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရ ပါတယ်။

ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ မြတ်ထွန်း(၅၂) နှစ်ကို သပိတ်ကျင်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ လည်း သိရပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *