ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ်၊ သံလျင် သဘာဝတရားရိပ်သာတွင် နေထိုင်သည့် သီလရှင်ဆရာလေးတစ်ပါး အခန်းအတွင်း သေဆုံးနေသည်ကို အပုပ်နံ့များထွက်မှ သိရကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းကသိရသည်။
အဆိုပါ သီလရှင်ဆရာလေးတစ်ပါးသည် အခန်း E-7 5လွှာတွင် တစ်ပါးတည်းနေထိုင်ပြီး ဘေးအခန်းများမှ အပုပ်နံ့များရ၍ သွားရောက်ကြည့်ရှူခဲ့ရာမှ သေဆုံးနေသည်ကို ယနေ့ မေလ၈ရက် နံနက်ပိုင်းက သိရှိခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။သည်။
ယခုအခါ အဆိုပါ သေဆုံးနေသည့် ဖြစ်စဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေကြောင်းလည်း သတင်းရရှိသည်။


