၂၃ ဧပြီ၊၂၀၂၄
ရန်ကုန်မြို့ သာကေတမြို့နယ် သန်လျင်တံတား သာကေတဘက်အဆင်းမှာ ဧပြီလ၂၂ရက် ည ၉နာရီခွဲအချိန်က အငှါးယာဉ်တစ်စီး လမ်းဘေးသစ်ပင်ကို တိုက်မိရာကနေ အမျိုးသားတစ်ဦးကားထဲညပ်မိ ပြင်းထန်စွာဒဏ်ရာရမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မူဖြစ်စဥ်ကို ပြည်သူတွေက အကြောင်းကြားလာတာကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ကားအတွင်းညပ်နေတဲ့ အသက်(၃၀)ဝန်းကျင်ယာဉ်မောင်းအမျိုးသားကို မိတ်ဖက်ပရဟိတအသင်းတွေနဲ့ ပူးပေါင်းပြီး ကားအတွင်းကထုတ် ထိခိုက်ဒါဏ်ရာတွေကို မြေပြင်ကုသမှုပေးခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
Visited 35 times, 1 visit(s) today



