သထုံ-ဘားအံလမ်းမှာ ရန်ကုန်-မြဝတီပြေးဆွဲတဲ့ မှန်လုံယာဉ်ငယ်တစ်စီး တိမ်းမှောက်မှုဖြစ်

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊အထက်ကော့ရင်းကျေးရွာအနီး သထုံ-ဘားအံလမ်းမှာ စက်တင်ဘာလ၁၃ရက် မနက်၇နာရီ၁၅မိနစ်က ရန်ကုန်-မြဝတီပြေးဆွဲတဲ့ မှန်လုံယာဉ်ငယ်တစ် စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးယာဉ်ပေါ်လိုက်လာသူ ၅ဦးအနက် အသက်၅၂အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ပေးဆပ်သူ(Rescue)အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ သေဆုံးသွားသူရဲ့ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *