မွန်ပြည်နယ်၊သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာအုပ်စု၊သာ ယာကုန်းမြောက်ပိုင်းကျေးရွာက နေအိမ်တစ်အိမ်မှာ အောက်တိုဘာလ၁၉ရက် မနက်၁၀နာရီခန့်က ရေပုံးထဲပြုတ်ကျပြီး (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေ ဆုံးခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိ ရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာလ၁၉ရက် မနက်၁၀နာရီခန့်က သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာအုပ်စု၊သာယာကုန်းမြောက်ပိုင်းကျေးရွာက နေအိမ်တစ်အိမ်မှာ မဝ သုန်(၂နှစ်၂လ)ဟာ အတူနေ အဒေါ်ဖြစ်သူဒေါ်ကီလီ (၄၇နှစ်)က သာယာကုန်းကျေးရွာရွာဈေးကို စျေးဝယ် သွားရောက်ချိန် မဝသုန်မှာ နေအိမ်အတွင်း တစ်ဦးတည်းဆော့ကစားကျန်နေခဲ့ပြီး အဒေါ်ဖြစ်သူ နေအိမ်ကို ပြန်လည်ရောက်ရှိချိန် အိမ်ရှေ့ရေချိုးတဲ့ နေရာမှာ ရေတစ်ဝက်ခန့်ထည့်ထားတဲ့ အမြင့်၂ ပေခန့်ရှိတဲ့ ရေပုံးအတွင်း မဝသုန်မှာ ဇောက်ထိုးပြုတ်ကျပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
(,၂)နှစ်အရွယ်ကလေးငယ် မဝသုန် ရေနစ်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီးဓမ္မတာအတိုင်း သေဆုံးခဲ့တာ ဟုတ်၊ မ ဟုတ် ကို စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။