ဇွန်လ၂၉ရက်နေ့မနက်ပိုင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ သထုံနဲ့ဘီးလင်းမြို့နယ်တို့ကြားက ကျုံအိတ်တံတားနေရာမှာ အစားထိုးသွားလာနိုင်ရေးဆောင်ရွက်ပေးနေတဲ့ ယာယီဘေလီတံတားလုပ်ငန်းခွင်ထဲကို ဇူလိုင်လ၇ရက်နေ့မနက်ပိုင်းက Drop Bombချပြီးတိုက်ခိုက်ခံခဲ့ရတာကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
လောလောဆယ်မှာတော့ Drop Bombချပြီးတိုက်ခိုက်ခံခဲ့ရတဲ့ ဘေလီတံတားလုပ်ငန်းခွင်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေဦးမှာလို့ သိရပါတယ်။
အဲ့ဒီနေရာကို အခု ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာဟာတတိအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တံတားကို မိုင်းခွဲဖောက်ခိုက်ခံခဲ့ရတဲ့အချိန်က အိမ်စီးကား၃စီးပျက်ဆီးခဲ့ရပြီး အမျိုးသားတစ်ယောက် သေဆုံးနဲ့အမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ရတာပါ။
တံတားပျက်ဖောက်ခွဲခံခဲ့ရလို့ လာရောက်စစ်ဆေးတဲ့ တာဝန်ရှိသူတွေကိုလည်း ဒုတိယအကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရတာကြောင့် သထုံခရိုင်လမ်းဦးမှူး သေဆုံးခဲ့ရပြီး အယောက်၂၀ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။အဲ့ဒီနေရာအနီးမှာပဲ တတိယအကြိမ် Drop Bombချပြီ တိုက်ခိုက်ခံခဲ့တဲ့ လုံချုပ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။

