အမည်မသိအမျိုးသားလေးယောက် ရောက်ရှိလာပြီးသေနတ်ပြ ချိန်းခြောက် မီးရှို့သွားတာဖြစ်
သထုံ၊ ဧပြီ ၃
မွန်ပြည်နယ်၊သထုံမြို့၊အောက်ကျင်းရပ်ကွက်၊ ရှမ်းစုအလယ်တန်း၊မြို့မဈေးအနီးက သထုံ ခရိုင်လဝကရုံးကို ဧပြီ လ၃ရက်ညနေ၃နာရီ ၄၀ မိနစ်က အမည်မသိအမျိုးသားလေးယောက် ရောက်ရှိလာပြီး သေနတ်ပြချိန်းခြောက် မီးရှို့ ဖျက်ဆီးတာခံခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မီးရှို့မှုကြောင့် သထုံခရိုင် လဝကရုံး အ ဆောက်အဦနဲ့အတွင်းပစ္စည်းတွေမီးလောင် ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအခြေ အနေနဲ့ တန်ဖိုးကို မီးသတ်ဦးစီးဌာနက စိစစ်တွက် ချက်နေဆဲလို့ သိရပါတယ်။
မီးလောင်ရာကို သထုံခရိုင်/မြို့နယ် မီးသတ် စခန်း၊ပေါင်မြို့နယ်မီးသတ်စခန်းနဲ့ကျိုက်ကော်နယ်မြေမီးသတ်စခန်းတို့က သန္ဓေနဲ့ အရန် မီးသတ်တပ်ဖွဲ့တွေကမီးသတ်ယာဉ်(၁၈)စီးနဲ့ ထွက်ခွာငြှိမ်းသတ်ပေးခဲ့ရပြီး မီးစတင် လောင် ကျွမ်းခဲ့ ရတဲ့ညနေ၃နာရီ၄၀မိနစ်မှ တစ်နာရီနီးပါးအကြာ ညနေ၄နာရီ၃၄မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါ တယ်။