တက္ကဆတ်၊ မတ် ၁၄
အသက် ၆နှစ်သားအရွယ်ကတည်းက ပိုလီယိုရောဂါ နဲ့ အဆုတ်မကောင်းတဲ့ ဝေဒနာတွေကြောင့် သတ္တုနဲ့ လုပ်ထားတဲ့ ခန္ဓာကိုယ်နဲ့ အပြည့် ဆလင်ဒါပုံ သတ္တု့ပေါင်းချောင်ထဲမှာ နှစ် ၇၀ နေခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ပေါ်လ် အလက်ဇန္ဒား တစ်ယောက် မတ်လ ၁၁ရက်က ကွယ်လွန်သွားသွားခဲ့ပြီလို့ မိသားစုဝင်ဆွေဆီက သိရပါတယ်။
အသက် ၇၈နှစ်အရွယ် ပေါလ် ကွယ်လွန်သွားတဲ့အကြောင်းကို မတ်လ ၁၁ရက် တနင်္လာနေ့မှာ အကိုဖြစ်တဲ့ ဖိလစ်က ဖေ့စ်ဘွတ်ခ်မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းခံကိုတော့ ထည့်ရေးထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
“သူလိုပဲ လေးစားခံရတဲ့ လူတစ်ယောက်ရဲ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာ ဂုဏ်ယူစရာပါပဲ။ သူက လူသန်းပေါင်းများစွာကို ထိတွေ့ပြီး စိတ်အားထက်သန်စေခဲ့တယ်၊ ဒါက ချဲ့ကားပြောတာမဟုတ်ပါဘူး” လို့ အကိုဖြစ်သူ ဖိလစ် အလက်ဇန္ဒားက သူ့ပို့စ်မှာ ရေးခဲ့ပါတယ်။
ကွယ်လွန်သူ အလက်ဇန္ဒားဟာ ၁၉၅၂ ခုနှစ်မှာ သံအဆုတ်လို့ လူသိများတဲ့ ခန္ဓာကိုယ်ပြည့် သတ္တုဆလင်ဒါတစ်ခုအထဲမှာ ကလေးဘဝကစ အခု အသက် ၇၈နှစ်အထိ သူ့ဘဝကို ရှင်သန်နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒိ ဆလင်ဒါထဲမှာ တပ်ထားတဲ့ အဆုတ်ကို လေပို့ပေးတဲ့ ကိရိယာနဲ့ သူ့အသက်ကို ရှင်သန်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဇွဲရှိပြီး စိတ်ဓါတ်ခိုင်မာတဲ့ အလက်ဇန္ဒားဟာ ဥပဒေကျောင်းက ဘွဲကို ရအောင်ယူနိုင်ခဲ့သလို ကမ္ဘာအနှံ့ ခရီးထွက်ခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ သတ္တု့ဖန်ပေါင်းချောင်ထဲက အလက်ဇန္ဒားကို မကွယ်လွန်မီ တွေ့ရပုံ
Feature Image Credit: Facebook/Philip Alexander)



