သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ရေးမြို့တွင် ယနေ့ ဖြစ်ပွား

သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု တစ်ခု မွန်ပြည်နယ် ရေးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ သတင်း ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၁)မှ တာဝန်ခံ ရဲအုပ်မြင့်လွင်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က ရေးမြို့နယ်၊ အောင် သုခရပ်ကွက်အတွင်း လမ်းပေါ်တွင် တစ်ဦး တည်းထွက်လာချိန် မျက်နှာဖုံးစွပ်ထားသော သေနတ် သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ရဲအုပ်ဆိုသူ မြင့်လွင် ၏ လက်ယာဘက်နား ထင်ပွင့်ထွက် ဒဏ်ရာရရှိခဲ့ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုအခါ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရမိရေး အတွက် ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *